သူတို့က “ထိုပြည်၏အရှင်သခင်သည် အကျွန်ုပ်တို့အား ကြမ်းတမ်းစွာပြောဆိုလျက် ထိုပြည်ကို စူးစမ်းရန်လာသောသူလျှိုများဟု ထင်မှတ်ပါ၏။
ကမ္ဘာဦး 42:7 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် မိမိ၏အစ်ကိုတို့ကိုမြင်သောအခါ သူတို့ကို မှတ်မိသော်လည်း မသိဟန်ဆောင်လျက် ကြမ်းတမ်းစွာပြောဆို၏။ ယောသပ်က သူတို့အား “သင်တို့ အဘယ်ကလာကြသနည်း”ဟု မေးလျှင် သူတို့က “အစားအစာဝယ်ယူရန် ခါနာန်ပြည်မှလာကြပါ၏”ဟု ပြန်လျှောက်ကြ၏။ Common Language Bible ယောသပ်သည်သူ၏အစ်ကိုတို့ကိုမြင်၍မှတ် မိသော်လည်း အစ်ကိုတို့ကိုမသိဟန်ဆောင် လျက်``သင်တို့အဘယ်အရပ်မှလာကြသနည်း'' ဟုခက်ထန်စွာမေးလေ၏။ သူတို့က``ကျွန်တော်တို့သည်ရိက္ခာဝယ်ရန် ခါနာန်ပြည်မှလာပါသည်'' ဟုဖြေကြ၏။ Garrad Bible အစ် ကို တို့ ကို မြင်၍ မှတ် မိ သော် လည်း သူ စိမ်း အ ဟန် ကြမ်း ကြုတ် စွာ ပြော ဆို လျက်၊ အ ဘယ် က လာ ကြ သ နည်း ဟု မေး ရာ စ ပါး ဝယ် ရန် ခါ နာန် ပြည် မှ လာ ကြ ပါ သည် ဟု လျှောက် ကြ ၏။ Judson Bible ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာပြောလျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟုမေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှာ ခါနာန်ပြည်ကလာကြပါသည်ဟု လျှောက်ကြ၏။ |
သူတို့က “ထိုပြည်၏အရှင်သခင်သည် အကျွန်ုပ်တို့အား ကြမ်းတမ်းစွာပြောဆိုလျက် ထိုပြည်ကို စူးစမ်းရန်လာသောသူလျှိုများဟု ထင်မှတ်ပါ၏။
ယောသပ်ရှေ့၌ ယောသပ်၏ညီအစ်ကိုတို့ကို အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် အသက်အရွယ်အလိုက် နေရာချထား၏။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်လျက် အံ့အားသင့်နေကြ၏။