သူတို့သည် ခါနာန်ပြည်ရှိ မိမိတို့ဖခင်ယာကုပ်ထံသို့ရောက်သောအခါ မိမိတို့၌ဖြစ်ပျက်ခဲ့သမျှတို့ကို ဖခင်အားပြောပြကြ၏။
ခါနာန်ပြည်ရှိသူတို့၏အဖယာကုပ်ထံ သို့ရောက်ကြသောအခါ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကိုဖခင်အားပြောပြကြလေ သည်။-
ခါ နာန် ပြည် ရှိ အ ဘ ယာ ကုပ် ထံ ရောက် ၍ ဖြစ် ပျက် သ မျှ ကို ပြန် ပြော သည် မှာ၊
ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊
ထိုအခါ သူက မိမိ၏ညီအစ်ကိုတို့အား “အကျွန်ုပ်၏ငွေကို ပြန်ထည့်ထားပါပြီ။ ကြည့်ပါ။ အကျွန်ုပ်၏အိတ်ထဲ၌ရှိပါ၏”ဟု ဆို၏။ သူတို့သည် စိတ်အားလျော့လျက် ကြောက်ရွံ့တုန်လှုပ်ကာ “ငါတို့၌ ဘုရားသခင်ပြုတော်မူသောဤအမှုကား မည်သို့နည်း”ဟု ညီအစ်ကိုအချင်းချင်းပြောဆိုကြ၏။
သူတို့က “ထိုပြည်၏အရှင်သခင်သည် အကျွန်ုပ်တို့အား ကြမ်းတမ်းစွာပြောဆိုလျက် ထိုပြည်ကို စူးစမ်းရန်လာသောသူလျှိုများဟု ထင်မှတ်ပါ၏။
အကျွန်ုပ်တို့သည် သခင့်အစေအပါးဖြစ်သော အကျွန်ုပ်တို့၏ဖခင်ထံသို့ ပြန်ရောက်သောအခါ သခင့်စကားကို ဖခင်အားပြောပြကြပါ၏။
သူတို့သည် အီဂျစ်ပြည်မှထွက်ခွာ၍ ခါနာန်ပြည်ရှိ မိမိတို့ဖခင်ယာကုပ်ထံသို့ပြန်ရောက်ကြသောအခါ
သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။