သင်တို့သည် ရိုးသားသောသူများဖြစ်လျှင် သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို အကျဉ်းထောင်ထဲ၌ အကျဉ်းချခံစေ။ ကျန်သောသူတို့မူကား ပြန်သွားကြလော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူသွားကြလော့။
ကမ္ဘာဦး 42:26 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စားနပ်ရိက္ခာများကို မိမိတို့၏မြည်းများပေါ်တင်ပြီး ထိုအရပ်မှထွက်ခွာသွားကြ၏။ Common Language Bible ယောသပ်၏အစ်ကိုတို့သည်မြည်းများပေါ် တွင် စပါးအိတ်များကိုတင်ပြီးနောက်ထွက် ခွာသွားကြလေ၏။- Garrad Bible သူ တို့ လည်း မြည်း များ ပေါ် တွင် စ ပါး တင်၍ ထွက် သွား ပြီး နောက်၊ Judson Bible သူတို့သည်လည်း မြည်းများအပေါ်၌စပါးကိုတင်၍ ထွက်သွားကြ၏။ |
သင်တို့သည် ရိုးသားသောသူများဖြစ်လျှင် သင်တို့ထဲမှညီအစ်ကိုတစ်ယောက်ကို အကျဉ်းထောင်ထဲ၌ အကျဉ်းချခံစေ။ ကျန်သောသူတို့မူကား ပြန်သွားကြလော့။ အစာခေါင်းပါးသောကြောင့် သင်တို့၏အိမ်သူအိမ်သားတို့အတွက် စားနပ်ရိက္ခာကိုယူသွားကြလော့။
သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ရမည်။ သို့ပြုလျှင် သင်တို့၏စကားမှန်ကန်ကြောင်းအတည်ပြုမည်။ သင်တို့ သေရမည်မဟုတ်”ဟု ဆို၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
ထို့နောက် သူတို့၏အိတ်များထဲ၌ ဂျုံစပါးအပြည့်ဖြည့်၍ သူတို့၏ငွေများကိုလည်း သူတို့၏အိတ်အသီးသီး၌ ပြန်ထည့်ပေးရန်နှင့် သူတို့အား လမ်းခရီးအတွက်စားနပ်ရိက္ခာထည့်ပေးရန် ယောသပ်အမိန့်ပေးသည့်အတိုင်း သူတို့အတွက် ပြုပေးလေ၏။
စခန်းချရာနေရာ၌ တစ်ယောက်သည် မိမိ၏မြည်းကိုအစာကျွေးရန် မိမိ၏အိတ်ကိုဖွင့်သောအခါ အိတ်ဝ၌ မိမိ၏ငွေကိုတွေ့၏။
သူသည် ခွန်အားကြီးသည်ဆိုပြီး သူ့ကို ယုံစား၍ရမည်လော။ သင်လုပ်ဆောင်ရမည့်အလုပ်ကြမ်းများကို သူ့အား လွှဲပေး၍ရမည်လော။