တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 41:53 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အီဂျစ်ပြည်တွင် ဝပြောသောနှစ် ခုနစ်နှစ်ကုန်ဆုံးလေ၏။ Common Language Bible အီဂျစ်ပြည်တွင်ရိက္ခာပေါကြွယ်ဝသော ခုနစ်နှစ်ကာလကုန်ဆုံးလေ၏။- Garrad Bible ထို နောက် အိ ဂျစ် ပြည် တွင် ပြန့် ပြော သော ခု နစ် နှစ် ကုန် လွန် ပြီး လျှင်၊ Judson Bible ထိုနောက် အဲဂုတ္တုပြည်၌ဝပြောသောနှစ် ခုနစ်နှစ်ကုန်လေ၏။ |
တစ်ဖန် ယောသပ်က “ဘုရားသခင်သည် ငါဖိစီးနှိပ်စက်ခံရသည့်ပြည်၌ ငါ့ကိုပွားများစေတော်မူပြီ”ဟု ဆိုလျက် ဒုတိယသား၏အမည်ကို ဧဖရိမ် ဟုမှည့်ခေါ်လေ၏။
ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။
မြေကြီးပေါ်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှစ်နှစ်ဖြစ်ခဲ့ပြီ။ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းမပြုနိုင်သောနှစ် ငါးနှစ်ရှိသေး၏။
အိပ်မက်မှ နိုးလာသကဲ့သို့ အို ဘုရားရှင်၊ ကိုယ်တော်နိုးတော်မူသောအခါ သူတို့၏ရုပ်သွင်ကို မေ့ပျောက်တော်မူလိမ့်မည်။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။