တစ်ဖန် ငါ့အိပ်မက်ထဲ၌ မြင်ရသည်မှာ အဆန်အောင်၍ကောင်းသောစပါးနှံခုနစ်နှံသည် ရိုးတံတစ်ခုတည်းမှထွက်လာ၏။
ကမ္ဘာဦး 41:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုစပါးနှံတို့နောက်မှ ခြောက်သွေ့သုန်ဖျင်း၍ အရှေ့လေကြောင့် ညှိုးရော်နေသောစပါးနှံခုနစ်နှံထွက်လာ၏။ Common Language Bible ထိုနောက်အလုံးသေး၍သဲကန္တာရ၏လေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့ လည်းထွက်လာကြ၏။- Garrad Bible ထို နောက် ပိန် သေး ညှိုး နွမ်း၍ အ ရှေ့ လေ ဖျက် သော စ ပါး ခု နစ် နှံ ပေါက် ပြီး မှ၊ Judson Bible ထိုနောက်မှ ညှိုးနွမ်းလျက်အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။ |
တစ်ဖန် ငါ့အိပ်မက်ထဲ၌ မြင်ရသည်မှာ အဆန်အောင်၍ကောင်းသောစပါးနှံခုနစ်နှံသည် ရိုးတံတစ်ခုတည်းမှထွက်လာ၏။
သုန်ဖျင်းသောစပါးနှံတို့သည် ကောင်းသောစပါးနှံခုနစ်နှံကိုမျိုကြ၏။ ငါသည် ထိုအိပ်မက်ကို နတ်ဝိဇ္ဇာဆရာတို့အားပြောပြသော်လည်း ငါ့အားဖော်ပြပေးနိုင်သောသူတစ်ယောက်မျှမရှိ”ဟု ဆိုလေ၏။
ထိုစပါးနှံတို့နောက်မှ သုန်ဖျင်း၍အရှေ့လေကြောင့်ညှိုးရော်နေသော စပါးနှံခုနစ်နှံသည်လည်း ပေါက်လာ၏။
ထိုမြို့သားတို့ အားလျော့စိတ်ပျက်ကြပြီ။ ရှက်ကြောက်ကြပြီ။ သူတို့သည် မကြီးမီညှိုးနွမ်းသွားသောတောမြက်ပင်ကဲ့သို့၊ မြက်နုစိမ်းကဲ့သို့၊ ခေါင်မိုးပေါ်မှမြက်ပင် ကဲ့သို့ဖြစ်ကြပြီ။
သူသည် ညီအစ်ကိုများထဲတွင် အသီးများစွာသီးတတ်သော်လည်း အရှေ့လေတည်းဟူသော ထာဝရဘုရား၏လေသည် တောကန္တာရမှတိုက်လာ၍ သူ၏စမ်းရေတွင်းနှင့်ရေထွက်ပေါက်တို့သည် ခန်းခြောက်လိမ့်မည်။ ဘဏ္ဍာတိုက်ရှိအဖိုးတန်ရတနာအားလုံး တိုက်ခိုက်လုယက်ခြင်းခံရလိမ့်မည်။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
ဧဖရိမ်သည် ဒဏ်ခတ်ခံရသဖြင့် အမြစ်ခြောက်သွေ့ကာ အသီးမသီးနိုင်သောအပင်ကဲ့သို့ ဖြစ်၏။ သားဖွားလျှင်လည်း သူချစ်မြတ်နိုးသောသားကို ငါကွပ်မျက်မည်။”