ထို့နောက်တွင် အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် မိမိတို့၏သခင် အီဂျစ်ဘုရင်ကိုပြစ်မှားကြ၏။
ကမ္ဘာဦး 41:13 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့အတွက် သူအနက်ဖွင့်ပြပေးသည့်အတိုင်း ဖြစ်လာခဲ့ပါ၏။ အရှင်သည် အကျွန်ုပ်အား အကျွန်ုပ်၏ရာထူးကိုပြန်ပေး၍ စားတော်ဝန်ကို သစ်တိုင်၌ချိတ်ဆွဲခဲ့ပါ၏”ဟု လျှောက်လေ၏။ Common Language Bible သူအနက်ဖွင့်ပြသည့်အတိုင်းကိုယ်တော်သည် ကျွန်တော်မျိုးအားမူလရာထူး၌ပြန်လည် ခန့်အပ်၍စားတော်ဆက်ဝန်အားကွပ်မျက်လိုက် ပါသည်'' ဟုလျှောက်ထားလေ၏။ Garrad Bible ကျွန် တော် မျိုး တို့ အား ဖော် ပြ သည့် အ တိုင်း ဖြစ် ပျက် လျက် ရာ ထူး ရင်း ကို ကျွန် တော် မျိုး ရ ပြန် ၍ စား တော် ဝန် မူ ကား ဆွဲ တင် ခြင်း ကို ခံ ရ ပါ ပြီ ဟု ဖာ ရော မင်း အား လျှောက် လေ ၏။ Judson Bible ဖတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော်သည် အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထားခြင်းကိုခံရပါသည်ဟု လျှောက်လေ၏။ |
ထို့နောက်တွင် အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည် မိမိတို့၏သခင် အီဂျစ်ဘုရင်ကိုပြစ်မှားကြ၏။
ထိုအခါ ယောသပ်က သူ့အား “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ အခက်သုံးခက်သည် သုံးရက်ဖြစ်၏။
လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။
ငါမြင်ရသောဗျာဒိတ်အာရုံသည် ဘုရားသခင်က မြို့ကိုလာဖျက်ဆီးမည်ဟု မိန့်ဆိုခဲ့စဉ်က မြင်ခဲ့ရသော ဗျာဒိတ်အာရုံနှင့်တူ၏။ ထိုဗျာဒိတ်အာရုံသည် ခေဗာမြစ်နား၌ ငါမြင်ခဲ့သော နိမိတ်အာရုံနှင့်လည်းတူ၏။ ထိုအခါ ငါပျပ်ဝပ်လေ၏။