အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ကမ္ဘာဦး 41:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာ၌ အကျွန်ုပ်တို့နှင့်အတူ ကိုယ်ရံတော်မှူး၏အစေအပါး ဟေဗြဲလူငယ်တစ်ယောက်ရှိပါ၏။ အကျွန်ုပ်တို့သည် သူ့အားပြောပြ၍ သူသည် အကျွန်ုပ်တို့၏အိပ်မက်အနက်ကိုဖွင့်ပြပေးပါ၏။ အကျွန်ုပ်တို့ကိုယ်စီမက်သောအိပ်မက်၏အနက်ကိုဖွင့်ပြပေးပါ၏။ Common Language Bible ကျွန်တော်မျိုးတို့နှင့်အတူကိုယ်ရံတော်မှူး ၏ကျွန်ဟေဗြဲလူငယ်တစ်ယောက်ရှိပါသည်။ ကျွန်တော်မျိုးတို့၏အိပ်မက်ကိုသူ့အားပြော ပြ၍သူသည်အိပ်မက်၏အနက်ကိုဖွင့်ပြပါ သည်။- Garrad Bible ထို အ ရပ်၌ ကျွန် တော် မျိုး တို့ နှင့် အ တူ ရှိ သူ၊ ကိုယ် ရံ တော် မှူး၏ ကျွန် ဟေ ဗြဲ လုလင် တစ် ယောက် အား ပြန် ပြော သ ဖြင့် ကိုယ် စီ ဆိုင် ရာ အိပ် မက် အ နက် ကို ဖတ် ပါ ၏။ Judson Bible ကျွန်တော်တို့၌ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲလုလင်တစ်ယောက်ရှိ၏။ ထိုသူအားကျွန်တော်တို့သည် ကြားပြော၍ သူသည်အိပ်မက်၏အနက်ကို ဖတ်ပါ၏။ တစ်ယောက်စီမြင်မက်သည်အတိုင်း ဖတ်ပါ၏။ |
အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ယောသပ်သည် အီဂျစ်ပြည်သို့ခေါ်ဆောင်သွားခြင်းခံရ၏။ ထိုပြည်သို့ရောက်သောအခါ အီဂျစ်အမျိုးသား၊ ဖာရောမင်းကြီး၏မှူးမတ်၊ ကိုယ်ရံတော်မှူး ပေါတိဖာသည် ယောသပ်ကိုဣရှမေလလူမျိုးတို့လက်မှ ဝယ်ယူလိုက်၏။
ထိုအခါ ယောသပ်၏သခင်သည် ယောသပ်ကိုခေါ်ဆောင်သွား၍ ရှင်ဘုရင်အကျဉ်းချထားသောသူများကို ချုပ်နှောင်ထားသည့်နေရာဖြစ်သော အကျဉ်းထောင်ထဲ၌ ထည့်ထားလေ၏။ သို့ဖြစ်၍ ယောသပ်သည် အကျဉ်းထောင်ထဲ၌နေရ၏။
ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။