သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုချီးမြှောက်၍ သင်၏ရာထူးကို သင့်အားပြန်ပေးလိမ့်မည်။ သင်သည် ယခင်က ဖာရောမင်းကြီး၏ဖလားတော်ဝန်ဖြစ်ခဲ့စဉ်ပြုလေ့ရှိသည့်အတိုင်း သူ၏ခွက်ဖလားကို သူ့လက်သို့ဆက်သရလိမ့်မည်။
ကမ္ဘာဦး 40:21 - မြန်မာ့စံမီသမ္မာကျမ်း ဖလားတော်ဝန်အား ဖလားတော်ဝန်ရာထူးကိုပြန်ပေး၍ သူသည် ဖာရောမင်းကြီး၏လက်သို့ ခွက်ဖလားကို ပြန်လည်ဆက်သခွင့်ရရှိလေ၏။ Common Language Bible ဘုရင်သည်ဖလားတော်ဆက်ဝန်ကိုယခင် ရာထူးတွင်ပြန်ခန့်ထား၍၊- Garrad Bible ရေ ကြည် ဝန် အား ရာ ထူး ရင်း ကို ရ ပြန် စေ သ ဖြင့် သူ သည် ဖ လား တော် ကို ဖာ ရော မင်း လက် တော် ရောက် ဆက် သ ရ၏။ Judson Bible အိပ်မက်အနက်ကို ယောသပ်ဖတ်သည်အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တစ်ဖန်ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖာရောမင်း၏လက်တွင် ဆက်မြဲဆက်ရ၏။ |
သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုချီးမြှောက်၍ သင်၏ရာထူးကို သင့်အားပြန်ပေးလိမ့်မည်။ သင်သည် ယခင်က ဖာရောမင်းကြီး၏ဖလားတော်ဝန်ဖြစ်ခဲ့စဉ်ပြုလေ့ရှိသည့်အတိုင်း သူ၏ခွက်ဖလားကို သူ့လက်သို့ဆက်သရလိမ့်မည်။
ဖာရောမင်းကြီးသည် မိမိ၏မင်းမှုထမ်းနှစ်ယောက်ဖြစ်သော ဖလားတော်ဝန်နှင့်စားတော်ဝန်ကို အမျက်ထွက်လေ၏။
အကျွန်ုပ်တို့အတွက် သူအနက်ဖွင့်ပြပေးသည့်အတိုင်း ဖြစ်လာခဲ့ပါ၏။ အရှင်သည် အကျွန်ုပ်အား အကျွန်ုပ်၏ရာထူးကိုပြန်ပေး၍ စားတော်ဝန်ကို သစ်တိုင်၌ချိတ်ဆွဲခဲ့ပါ၏”ဟု လျှောက်လေ၏။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မြောက်၊ နိသန်လတွင် ရှေ့တော်၌ ရှိသော စပျစ်ဝိုင်ကို ငါသည် ယူ၍ ရှင်ဘုရင်ထံ ဆက်သ၏။ ထိုစဉ် ငါသည် ယခင်က မဖြစ်စဖူး မျက်နှာညှိုးငယ်လျက်ရှိ၏။
သူ၏စကားပြည့်စုံခြင်းသို့ရောက်သည်အထိ ထာဝရဘုရား၏မိန့်တော်မူချက်သည် သူ့ကိုစစ်ကြောတော်မူ၏။