စားတော်ဝန်သည် ယောသပ်ဖွင့်ပြသောအနက်ကောင်းသည်ကိုသိမြင်သောအခါ ယောသပ်အား “ငါသည်လည်း အိပ်မက်မက်၏။ ငါ့အိပ်မက်ထဲ၌ ငါ့ခေါင်းပေါ်တွင် အဖြူရောင်တောင်းသုံးလုံးရွက်ထား၏။
ကမ္ဘာဦး 40:17 - မြန်မာ့စံမီသမ္မာကျမ်း အပေါ်ဆုံးတောင်းထဲတွင် ဖာရောမင်းကြီးအတွက်ဖုတ်ထားသောစားစရာအမျိုးမျိုးရှိ၏။ သို့သော် ငှက်တို့သည် ငါ့ခေါင်းပေါ်တွင်ရွက်ထားသောတောင်းထဲမှ ထိုစားစရာတို့ကိုစားကြ၏”ဟု ပြောပြလေ၏။ Common Language Bible အပေါ်ဆုံးတောင်းထဲတွင်ဘုရင်အားဆက်သ ရသောမုန့်မျိုးစုံပါရှိ၍ ငှက်များသည်ထို တောင်းထဲမှမုန့်များကိုစားကြ၏'' ဟုပြော ပြလေသည်။ Garrad Bible အ ထက် တောင်း တွင် ဖာ ရော မင်း ပွဲ တော် တည် ရန် ပေါင်း ချက် သော ပွဲ တော် စာ အ မျိုး မျိုး ရှိ ၍ ငါ ရွက် သော တောင်း ထဲ မှ ငှက် များ ထိုး သုတ် စား ကြ သည် ဟု ယော သပ် အား ပြန် ပြော ၏။ Judson Bible အပေါ်တောင်းတွင် ဖာရောမင်းစားတော်ခေါ်ဖို့ချက်ပြီးသော ခဲဖွယ်စားဖွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သောတောင်းထဲကနုတ်၍စားကြသည်ဟု ယောသပ်အားပြောဆို၏။ |
စားတော်ဝန်သည် ယောသပ်ဖွင့်ပြသောအနက်ကောင်းသည်ကိုသိမြင်သောအခါ ယောသပ်အား “ငါသည်လည်း အိပ်မက်မက်၏။ ငါ့အိပ်မက်ထဲ၌ ငါ့ခေါင်းပေါ်တွင် အဖြူရောင်တောင်းသုံးလုံးရွက်ထား၏။
ထိုအခါ ယောသပ်က “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။
အာရှာ၏အစားအစာသည် အဆီအဆိမ့်နှင့်ပြည့်ဝ၍ ရှင်ဘုရင်အတွက်စားကောင်းသောက်ဖွယ်တို့ကို ထုတ်လုပ်ပေးလိမ့်မည်။
ဇိကလတ်မြို့သို့ပြန်လာရာ မနာရှေအမျိုးထဲမှ လူတစ်ထောင်အုပ်များဖြစ်သော အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲ တို့သည် လာရောက်ပူးပေါင်းကြ၏။