ကမ္ဘာဦး 4:12 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible သင်သည်မြေကိုထွန်ယက်စိုက်ပျိုးသော်လည်း အသီးအနှံထွက်မည်မဟုတ်။ သင်သည်အိုး အိမ်မဲ့လျက်မြေကြီးပေါ်တွင်လှည့်လည် နေရမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ယ ခု မှ စ၍ မြေ၌ လုပ် ကိုင် သော အ ခါ အ သီး အ နှံ ကို မ ရ ဘဲ၊ မြေ ကြီး ပေါ် မှ ပြေး ရ သော သူ၊ လေ လွင့် သော သူ ဖြစ် ရ လိမ့် မည် ဟု မိန့် တော် မူ ၏။ Judson Bible ယခုမှစ၍မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကိုမရ ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ |
ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။
အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
သူ၏သားသမီးတို့သည် အရပ်ရပ်လှည့်လည်၍ တောင်းရမ်းကြရပါစေ။ ပြိုပျက်သောမိမိတို့နေရာများမှထွက်၍ အစာကိုရှာကြရပါစေ။
လူ့အသက်သတ်ခြင်းအပြစ်ဝန်ကို ထမ်းသောသူသည် သေတွင်းထဲရောက်သည့်တိုင်အောင် ထွက်ပြေးတိမ်းရှောင်နေရလိမ့်မည်။ မည်သူမျှသူ့ကိုမထောက်မစေနှင့်။
သူတို့သည် ဘုရားသခင်၏စကားတော်ကို မနာခံသောကြောင့် ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မူမည်။ သူတို့သည် လူမျိုးခြားတို့တွင် လှည့်လည်သွားလာရလိမ့်မည်။
လယ်ယာ ဖျက်ဆီးခံရပြီ။ ကောက်ပဲသီးနှံ ဖျက်ဆီးခံရသောကြောင့် မြေသည် ငိုကြွေးမြည်တမ်းလေပြီ။ စပျစ်ဝိုင်အသစ် ခန်းလေပြီ။ ဆီလည်း လျော့လေပြီ။
သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
သင်တို့၏ခွန်အားသည် အချည်းနှီးကုန်သွားလိမ့်မည်။ သင်တို့၏မြေသည် အသီးအနှံဖြစ်ထွန်းလိမ့်မည်မဟုတ်။ သင်တို့ပြည်ရှိအပင်တို့သည်လည်း အသီးဖြစ်ထွန်းလိမ့်မည်မဟုတ်။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ ယနေ့ သင်တို့အား ငါမှာကြားသော ကိုယ်တော်၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင် သင်တို့အပေါ်သက်ရောက်မည့်ကျိန်ခြင်းအမင်္ဂလာ၊ သင်တို့ခံစားရမည့် ကျိန်ခြင်းအမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။