ထိုသခင်မသည် ယောသပ်အား သူနှင့်အတူအိပ်ရန်၊ သူနှင့်အတူနေရန် နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း ယောသပ်သည် သူ့ကိုနားမထောင်ပေ။
ကမ္ဘာဦး 39:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သခင်မသည် ယောသပ်၏အဝတ်ကိုဖမ်းဆွဲ၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလေ၏။ သို့သော် ယောသပ်သည် မိမိအဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ပြေးထွက်သွားလေ၏။ Common Language Bible သခင်မကယောသပ်အား``ငါနှင့်အတူအိပ် ပါ'' ဟုဆို၍သူ၏ဝတ်ရုံကိုကိုင်ဆွဲထား လေ၏။ ယောသပ်သည်လည်းဝတ်ရုံကိုသခင်မ ၏လက်ထဲ၌စွန့်ပစ်ထားခဲ့၍အိမ်အပြင်သို့ ကိုယ်လွတ်ထွက်ပြေးလေသည်။- Garrad Bible ယော သပ် အ ဝတ် ကို သ ခင် မ ကိုင် ဆွဲ လျက် ငါ နှင့် အ တူ အိပ် စက် ပါ ဟု ဆို လျှင် ယော သပ် သည် အ ဝတ် ကို သူ့ လက် ၌ စွန့်၍ ပြင် သို့ ထွက် ပြေး ရ လေ ၏။ Judson Bible သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။ |
ထိုသခင်မသည် ယောသပ်အား သူနှင့်အတူအိပ်ရန်၊ သူနှင့်အတူနေရန် နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း ယောသပ်သည် သူ့ကိုနားမထောင်ပေ။
တစ်နေ့တွင် ယောသပ်သည် အလုပ်လုပ်ရန်အိမ်ထဲသို့ဝင်သွားရာ အိမ်ထဲ၌ အိမ်သားယောက်ျားတစ်ယောက်မျှမရှိချေ။
ထိုသို့ ယောသပ်သည် သူ့အဝတ်ကို သခင်မလက်ထဲ၌စွန့်ထားခဲ့၍ အပြင်ဘက်သို့ထွက်ပြေးသွားသည်ကို သခင်မကြည့်ပြီး
ယောသပ်သည် ငြင်းဆန်၍ သူ့သခင်၏မယားအား “အကျွန်ုပ်၏သခင်သည် အိမ်၌ရှိသောအရာတို့ကိုမသိမမှတ်ပါ။ သူ၌ရှိသမျှသောအရာတို့ကို အကျွန်ုပ်လက်သို့အပ်ပါပြီ။
အာမနုန်စားဖို့ မုန့်ကိုကမ်းပေးလိုက်သောအခါ အာမနုန်က သူ့ကိုဖမ်းဆွဲပြီး “ငါ့နှမ လာပါ။ ငါနှင့်အတူ အိပ်ပါ”ဟု ဆို၏။
ငါ့သား၊ သူတို့နှင့်အတူ ထိုလမ်းကိုမလိုက်နှင့်။ သူတို့သွားရာလမ်းသို့မလိုက်မိစေရန် သင်၏ခြေကိုထိန်းချုပ်လော့။
သင်၏လမ်းကို ထိုသို့သောမိန်းမနှင့် ဝေးကွာစေလော့။ သူ၏အိမ်တံခါးအနီးသို့လည်း မချဉ်းကပ်နှင့်။
ဒရယ်သည် အမဲလိုက်သူလက်မှလည်းကောင်း၊ ငှက်သည် ငှက်မုဆိုးလက်မှလည်းကောင်း လွတ်မြောက်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လွတ်မြောက်အောင်ပြုလော့။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။
ထို့နောက် ရှမွေလ လှည့်ထွက်သွားမည်အပြုတွင် ရှောလုမင်းကြီးသည် သူ၏ဝတ်ရုံစွန်းကို လှမ်းဆွဲလိုက်ရာ ဝတ်ရုံစုတ်ပြဲသွားလေ၏။