သို့သော် ဘုရားသခင်သည် အဘိမလက်မင်းကြီးထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သိမ်းယူသောမိန်းမကြောင့် သင်သေရမည်။ အကြောင်းမှာ သူသည် ယောက်ျားရှိသောမိန်းမဖြစ်၏”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 37:5 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် အိပ်မက်မက်၍ သူ့အစ်ကိုတို့အားပြောပြသောအခါ သူတို့သည် သူ့ကိုပို၍ပင်မုန်းကြ၏။ Common Language Bible တစ်ခါကယောသပ်သည် အိပ်မက်မြင်မက်သ ဖြင့်အစ်ကိုတို့အားထိုအိပ်မက်အကြောင်း ကိုပြောပြသောအခါ သူတို့သည်ပို၍ပင် ရွံမုန်းကြ၏။- Garrad Bible ယော သပ် အိပ် မက် မြင်၍ အစ် ကို တို့ အား ပြန် ပြော သော် သာ၍ မုန်း ကြ ၏။ Judson Bible ယောသပ်သည် အိပ်မက်ကိုမြင်၍၊ အစ်ကိုတို့အားပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။ |
သို့သော် ဘုရားသခင်သည် အဘိမလက်မင်းကြီးထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သိမ်းယူသောမိန်းမကြောင့် သင်သေရမည်။ အကြောင်းမှာ သူသည် ယောက်ျားရှိသောမိန်းမဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုအခါ သူအိပ်မက်မက်သည်မှာ မြေကြီးပေါ်တွင်လှေကားတစ်စင်းထောင်ထားလျက်ရှိ၍ ၎င်း၏ထိပ်သည် မိုးကောင်းကင်အထိရောက်၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည် ထိုလှေကားပေါ်တွင် တက်လျက်၊ ဆင်းလျက်ရှိကြ၏။
သိုးဆိတ်တို့မိတ်လိုက်ရာသီ၌ ငါမျှော်ကြည့်လိုက်ရာ သိုးမ၊ ဆိတ်မတို့နှင့်မိတ်လိုက်နေသော သိုးထီး၊ ဆိတ်ထီးတို့သည် အစင်းကျားပါသောအကောင်များ၊ အစက်အပြောက်ပါသောအကောင်များဖြစ်ကြောင်း အိပ်မက်ထဲတွင် ငါတွေ့မြင်ရ၏။
ဘုရားသခင်၏ကောင်းကင်တမန်က ‘ယာကုပ်’ဟု အိပ်မက်ထဲတွင် ငါ့ကိုခေါ်သဖြင့် ‘အကျွန်ုပ်ရှိပါ၏’ဟု ငါပြန်လျှောက်၏။
ဖခင်က သူ့ကို ညီအစ်ကိုအားလုံးထက်ပို၍ချစ်ကြောင်း သူ့အစ်ကိုတို့သိမြင်သောအခါ သူ့ကိုမုန်း၍ သူ့အားချိုသာစွာမပြောဆိုနိုင်ကြချေ။
သူ့အစ်ကိုတို့ကလည်း “သင်သည် ငါတို့ကို အမှန်ပင်စိုးစံမည်လော။ ငါတို့ကို အမှန်ပင်အုပ်စိုးမည်လော”ဟု ဆို၍ သူ၏အိပ်မက်ကြောင့်လည်းကောင်း၊ သူ၏စကားတို့ကြောင့်လည်းကောင်း သူ့ကိုပို၍ပင်မုန်းကြ၏။
အကျဉ်းထောင်ထဲ၌ အကျဉ်းချထားခြင်းခံရသော အီဂျစ်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည် အနက်ကိုယ်စီရှိသောအိပ်မက်ကို တစ်ညတည်း၌ အိပ်မက်မက်ကြ၏။
နှစ်နှစ်ကြာသောအခါ ဖာရောမင်းကြီးအိပ်မက်မက်သည်မှာ သူသည် နိုင်းမြစ်နားတွင်ရပ်လျက်နေ၏။
ယောသပ်သည် သူတို့နှင့်ပတ်သက်၍ မြင်မက်ခဲ့သောအိပ်မက်ကို သတိရသဖြင့် သူတို့အား “သင်တို့သည် ဤပြည်၏အားနည်းချက်ကို စူးစမ်းရန်လာသောသူလျှိုများ ဖြစ်ကြ၏”ဟု ဆို၏။
ဂိဗောင်မြို့၌ ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်အိပ်မက်ထဲတွင် ကိုယ်ထင်ရှားပြတော်မူ၏။ ဘုရားသခင်က “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
နေဗုခဒ်နေဇာမင်းကြီးသည် နန်းစံဒုတိယနှစ်တွင် အိပ်မက်မက်သဖြင့် စိတ်သောကရောက်၍ စက်တော်မခေါ်နိုင်ဘဲဖြစ်၏။
အိပ်မက်တစ်ခုကို မြင်မက်၏။ ထိုအိပ်မက်သည် ငါ့ကို ခြောက်လှန့်၏။ သလွန်တော်ပေါ်တွင်လဲလျောင်းနေစဉ် တွေးမိသောအတွေး၊ စိတ်အာရုံတွင် မြင်ရသောအရာတို့က ငါ့ကို ထိတ်လန့်စေ၏။
ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
ထိုအခါ ထာဝရဘုရားက “ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုပရောဖက်အား နိမိတ်အာရုံအားဖြင့် ကိုယ်ထင်ရှားပြမည်။ အိပ်မက်အားဖြင့် မိန့်မြွက်မည်။
အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့အားပေးအပ်ခဲ့ပါပြီ။ သို့ရာတွင် အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြသောကြောင့် လောကီသားတို့သည် သူတို့ကိုမုန်းကြပါ၏။