လာကြ။ သူ့ကိုသတ်ပြီး တွင်းတစ်ခုခုထဲသို့ပစ်ချလိုက်ကြစို့။ ‘သားရဲတိရစ္ဆာန်သည် သူ့ကိုကိုက်စားပြီ’ဟု ငါတို့ပြောကြမည်။ ထိုအခါ သူ၏အိပ်မက်မည်သို့ဖြစ်လာမည်ကို ငါတို့ကြည့်ကြမည်”ဟု အချင်းချင်းပြောဆိုကြ၏။
ကမ္ဘာဦး 37:30 - မြန်မာ့စံမီသမ္မာကျမ်း ညီတို့ထံသို့ပြန်လာ၍ “သူငယ်မရှိတော့ပါတကား။ ငါမည်သို့ပြုရပါမည်နည်း”ဟု ဆိုလေ၏။ Common Language Bible ထိုနောက်သူ၏ညီများရှိရာသို့ပြန်လာ၍``တွင်း ထဲမှာသူငယ်မရှိတော့ပြီ။ ငါအဘယ်သို့ပြု လုပ်ရပါမည်နည်း'' ဟုဆိုလေ၏။ Garrad Bible ညီ တို့ ရှိ ရာ သို့ ပြန် သွား၍ သူ ငယ် မ ရှိ ပါ တ ကား။ ငါ အ ဘယ် သို့ သွား ရ မည် နည်း ဟု ဆို လေ၏။ Judson Bible ညီတို့ရှိရာသို့သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့သွားရပါမည်နည်းဟု ဆိုလေ၏။ |
လာကြ။ သူ့ကိုသတ်ပြီး တွင်းတစ်ခုခုထဲသို့ပစ်ချလိုက်ကြစို့။ ‘သားရဲတိရစ္ဆာန်သည် သူ့ကိုကိုက်စားပြီ’ဟု ငါတို့ပြောကြမည်။ ထိုအခါ သူ၏အိပ်မက်မည်သို့ဖြစ်လာမည်ကို ငါတို့ကြည့်ကြမည်”ဟု အချင်းချင်းပြောဆိုကြ၏။
ထိုအခါ သူတို့က “သခင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ခါနာန်ပြည်က ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ အငယ်ဆုံးသည် ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူနေခဲ့ပါ၏။ ကျန်တစ်ယောက်ကား မရှိတော့ပါ”ဟု လျှောက်ကြ၏။
အကျွန်ုပ်တို့သည် ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောသားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ တစ်ယောက်ကား မရှိတော့ပါ။ အငယ်ဆုံးကား ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူ ခါနာန်ပြည်၌ နေခဲ့ပါသည်’ဟု လျှောက်ကြပါ၏။
ထာဝရဘုရားက “ရာမမြို့၌ မြည်တမ်းသံ၊ ခါးသီးစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည် မိမိ၏သားများကြောင့် ငိုကြွေး၏။ သူ၏သားများမရှိတော့သဖြင့် နှစ်သိမ့်ပေးကြသည်ကို လက်မခံပြီ”ဟု မိန့်တော်မူ၏။