ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်လာသောအခါ သူတို့သည် ယောသပ်ဝတ်ဆင်ထားသောရောင်စုံသင်တိုင်းကို ချွတ်ပြီးလျှင်
ကမ္ဘာဦး 37:3 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးသည် ယောသပ်ကို အသက်ကြီးမှရသောကြောင့် သားအားလုံးထက် သူ့ကိုပို၍ချစ်သဖြင့် ရောင်စုံသင်တိုင်းကို သူ့အတွက်ချုပ်ပေး၏။ Common Language Bible ယာကုပ်သည်အသက်အရွယ်ကြီးမှယောသပ် ကိုရခြင်းကြောင့်အခြားသားများထက်သူ့ အားပို၍ချစ်၏။ သူသည်ယောသပ်အတွက် ထူးခြားစွာတန်ဆာဆင်ထားသောဝတ်ရုံ ကိုချုပ်ပေး၏။- Garrad Bible ဣ သ ရေ လ သည် အ သက် ကြီး ရင့် မှ သား ယော သပ် ကို ရ သော ကြောင့် သား တ ကာ တို့ ထက် သာ၍ ချစ် သ ဖြင့် ရှည် လျား သော အင်္ကျီ ကို ချုပ် လုပ် ဆင် ယင် လေ ၏။ Judson Bible ဣသရေလသည် အသက်ကြီးစဉ်အခါ သားယောသပ်ကိုရသောကြောင့်၊ အခြားသောသားအပေါင်းတို့ကိုချစ်သည်ထက် ယောသပ်ကိုသာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကိုချုပ်၍ပေး၏။ |
ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်လာသောအခါ သူတို့သည် ယောသပ်ဝတ်ဆင်ထားသောရောင်စုံသင်တိုင်းကို ချွတ်ပြီးလျှင်
သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။
ထို့နောက် ထိုရောင်စုံသင်တိုင်းကို ယူ၍ ဖခင်ထံသို့ယူဆောင်လာကြကာ “အကျွန်ုပ်တို့သည် ဤသင်တိုင်းကိုတွေ့ရှိပါသည်။ အဖေ့သား၏သင်တိုင်းဟုတ်၊ မဟုတ်ကြည့်ပါ”ဟု ဆိုကြ၏။
ထိုငယ်သားသည်လည်း ဘုရင့်သမီးတော်အပျိုစင်တို့ ဝတ်ဆင်ရလေ့ရှိသောရောင်စုံသင်တိုင်းကို ဝတ်ဆင်ထားသောတာမာအား နှင်ထုတ်ပြီးလျှင် တံခါးကိုပိတ်ထားလိုက်လေ၏။
သင်သည် အဝတ်အစားအချို့ကိုယူပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ရောင်စုံခြယ်လျက် မလုပ်သင့်၊ မလုပ်ထိုက်သော ဖောက်ပြန်မှားယွင်းခြင်းကိုပြု၏။
ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ အရာခပ်သိမ်းတို့ကို သားတော်လက်သို့ပေးအပ်တော်မူပြီ။
‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။