ဧသောသည် ခါနာန်အမျိုးသမီးတို့နှင့်အိမ်ထောင်ပြု၏။ ထိုသူတို့မှာ ဟိတ္တိလူမျိုးဧလုန်၏သမီးအာဒနှင့် ဟိဝိလူမျိုးဇိဘောင်၏မြေး၊ အာန၏သမီးအဟောလိဗာမ တို့ဖြစ်ကြ၏။
ဧသောသည်ခါနာန်ပြည်အမျိုးသမီးများ နှင့်အိမ်ထောင်ကျသည်။ သူ၏မယားများမှာ ဟိတ္တိအမျိုးသားဧလုန်၏သမီးအာဒ၊ ဟိဝိ အမျိုးသားဇိဘောင်၏သားဖြစ်သူအာန၏ သမီးအဟောလိဗာမ၊ ဣရှမေလ၏သမီး တည်းဟူသော၊-
ဧ သော သည်၊ ဟိ တ္တိ လူ မျိုး၊ ဧ လုန့် သ မီး အာ ဒ တစ် ယောက်၊ ဟိ ဝိ လူ မျိုး၊ ဇိ ဘောင့် မြေး၊ အာ န သ မီး အ ဟော လိ ဗာ မ တစ် ယောက်၊ ခါ နာန် ပြည် သူ နှစ် ယောက် နှင့် လည်း ကောင်း၊
ဧသောသည် ဟိတ္တိအမျိုး ဧလုန်၏သမီး အာဒတစ်ယောက်၊ ဟိဝိအမျိုးဇိဘောင်သား အာန၏သမီးအဟောလိဗာမတစ်ယောက်၊ ခါနာန်အမျိုးသမီးနှစ်ယောက်နှင့်လည်းကောင်း၊
ထို့နောက် ရေဗက္ကာက ဣဇက်အား “အကျွန်ုပ်သည် ဟေသအမျိုးသမီးတို့ကြောင့် အသက်ရှင်ရသည်ကိုပင် ငြီးငွေ့ပါပြီ။ ဤပြည်ရှိအမျိုးသမီးကဲ့သို့သော ဟေသအမျိုးသမီးတို့နှင့် ယာကုပ်အိမ်ထောင်ပြုမည်ဆိုလျှင် အကျွန်ုပ်အသက်ရှင်ရသည်မှာ မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
ထို့ကြောင့် ဧသောသည် ဣရှမေလထံသို့သွား၍ မိမိ၌ရှိသောမယားတို့အပြင် အာဗြဟံသားဣရှမေလ၏သမီး၊ နဗာယုတ်၏နှမ မဟာလတ်နှင့် အိမ်ထောင်ပြုလေ၏။
ဇိဘောင်၏မြေး အာနသမီး ဧသော၏မယားအဟောလိဗာမသည် ဧသောအတွက် ယုရှ၊ ယာလံ၊ ကောရ တို့ကိုမွေးဖွား၏။ ဤသူတို့သည် အဟောလိဗာမ၏သားများဖြစ်ကြ၏။
ဇိဘောင်၏သားများမှာ အာယ၊ အာန တို့ဖြစ်ကြ၏။ အာနသည် မိမိဖခင်ဇိဘောင်၏မြည်းများကို ထိန်းကျောင်းစဉ် တောကန္တာရ၌ ရေပူစမ်းတို့ကိုတွေ့ရှိသောသူဖြစ်၏။
အာန၏သားမှာ ဒိရှုန် ဖြစ်၏။ အာန၏သမီးမှာ အဟောလိဗာမဖြစ်၏။
ထို့ပြင် နဗာယုတ်၏နှမ ဣရှမေလ၏သမီးဗာရှမတ်နှင့် အိမ်ထောင်ပြု၏။
“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။