ဇိဘောင်၏မြေး အာနသမီး ဧသော၏မယားအဟောလိဗာမသည် ဧသောအတွက် ယုရှ၊ ယာလံ၊ ကောရ တို့ကိုမွေးဖွား၏။ ဤသူတို့သည် အဟောလိဗာမ၏သားများဖြစ်ကြ၏။
ကမ္ဘာဦး 36:18 - မြန်မာ့စံမီသမ္မာကျမ်း ဧသော၏မယားအဟောလိဗာမ၏သားများမှာ သူကြီးယုရှ၊ သူကြီးယာလံ၊ သူကြီးကောရ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧသော၏မယား အာန၏သမီးအဟောလိဗာမမှဆင်းသက်သောအမျိုးအနွယ်သူကြီးများဖြစ်ကြ၏။ Common Language Bible ဧသော၏မယားအာန၏သမီးဖြစ်သူ အဟော လိဗာမမှဆင်းသက်သောအနွယ်သည်ကား ယုရှ၊ ယာလံနှင့်ကောရတို့ဖြစ်ကြသည်။- Garrad Bible ဧ သော မ ယား အ ဟော လိ ဗာ မ၏ သား များ ကား ယု ရှ၊ ယာ လံ၊ ကော ရ တို့ သည် အ ကြီး အ ကဲ များ ဖြစ် ကြ သ တည်း။ ထို အ ကြီး အ ကဲ တို့ သည် အာ န သ မီး၊ ဧ သော့ မ ယား အ ဟော လိ ဗာ မ၏ သား မြေး များ ဖြစ် ကြ သ တည်း။ Judson Bible ဧသောမယား အဟောလိဗာမ၏သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။ |
ဇိဘောင်၏မြေး အာနသမီး ဧသော၏မယားအဟောလိဗာမသည် ဧသောအတွက် ယုရှ၊ ယာလံ၊ ကောရ တို့ကိုမွေးဖွား၏။ ဤသူတို့သည် အဟောလိဗာမ၏သားများဖြစ်ကြ၏။
ဧသော၏သားဖြစ်သောရွေလ၏သားများမှာ သူကြီးနာဟတ်၊ သူကြီးဇေရ၊ သူကြီးရှမ္မ၊ သူကြီးမိဇ္ဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧဒုံပြည်၌ ရွေလမှဆင်းသက်သောအမျိုးအနွယ်သူကြီးများ၊ ဧသော၏မယားဗာရှမတ်၏သားမြေးများဖြစ်ကြ၏။
ဧသောသည် ခါနာန်အမျိုးသမီးတို့နှင့်အိမ်ထောင်ပြု၏။ ထိုသူတို့မှာ ဟိတ္တိလူမျိုးဧလုန်၏သမီးအာဒနှင့် ဟိဝိလူမျိုးဇိဘောင်၏မြေး၊ အာန၏သမီးအဟောလိဗာမ တို့ဖြစ်ကြ၏။
အဟောလိဗာမသည် ယုရှ၊ ယာလံနှင့်ကောရ တို့ကိုမွေးဖွား၏။ ဤသူတို့ကား ခါနာန်ပြည်၌မွေးဖွားသော ဧသော၏သားများဖြစ်ကြ၏။