ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ကမ္ဘာဦး 36:12 - မြန်မာ့စံမီသမ္မာကျမ်း ဧသော၏သား ဧလိဖတ်၏မယားငယ်တိမနသည်လည်း ဧလိဖတ်အတွက် အာမလက်ကိုမွေးဖွား၏။ ဤသူတို့ကား ဧသော၏မယား အာဒ၏သားမြေးများဖြစ်ကြ၏။ Garrad Bible ဧ သော့ သား ဧ လိ ဖတ်၏ မ ယား ငယ် တိ မ န တွင် မြင် သော သား ကား အာ မ လက် တည်း။ ထို သူ တို့ သည် ဧ သော့ မ ယား အာ ဒ ၏ သား မြေး ဖြစ် ကြ သ တည်း။ Judson Bible ဧသောသားဧလိဖတ်၏မယားငယ်၊ တိမနဖွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယားအာဒ၏အနွယ်ဖြစ်သတည်း။ |
ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ရွေလ၏သားများမှာ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧသော၏မယား ဗာရှမတ်၏သားမြေးများဖြစ်ကြ၏။
ဧလိဖတ်၏သားများမှာ တေမန်၊ ဩမရ၊ ဇေဖိ၊ ဂါတံ၊ ကေနတ်၊ တိမနနှင့်အာမလက် တို့ဖြစ်ကြ၏။
ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။