ထို့နောက်မှ သူ၏ညီသည် ဧသော၏ဖနောင့်ကို မိမိလက်ဖြင့်ဆုပ်ကိုင်လျက်မွေးလာ၏။ သို့ဖြစ်၍ သူ၏အမည်ကို ယာကုပ် ဟုမှည့်ခေါ်လေ၏။ ထိုသားတို့မွေးဖွားကြသောအခါ ဣဇက်သည် အသက်ခြောက်ဆယ်ရှိပြီဖြစ်၏။
ကမ္ဘာဦး 35:28 - မြန်မာ့စံမီသမ္မာကျမ်း ဣဇက်သည်နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ်အသက်ရှင်ခဲ့၏။ Common Language Bible ဣဇာက်သည်အသက်တစ်ရာ့ရှစ်ဆယ်ထိအသက် ရှင်၏။ သူသည်အရွယ်ကြီးရင့်၍နေ့ရက်နှစ် ပေါင်းများစွာပြည့်ပြီဖြစ်သောကြောင့် နောက် ဆုံးထွက်သက်ကိုရှူ၍ကွယ်လွန်လေသည်။ သူသည်မိမိလူမျိုးစုနှင့်စုဝေးခွင့်ရ၏။- Garrad Bible ဣ ဇာက် သည် နှစ် ပေါင်း တစ် ရာ့ ရှစ် ဆယ် အ သက် အ ရွယ် ရောက် လျှင် အို မင်း ကြီး ရင့်၍ သေ လွန် သ ဖြင့် ဘိုး ဘေး တို့ ထံ သွား ရ သော် သား ဧ သော နှင့် ယာ ကုပ် တို့ သင်္ဂြိုဟ် ကြ ၏။ Judson Bible ဣဇာက်အသက်သည် အနှစ်တစ်ရာရှစ်ဆယ်ပြည့်စုံသည်ရှိသော်၊ |
ထို့နောက်မှ သူ၏ညီသည် ဧသော၏ဖနောင့်ကို မိမိလက်ဖြင့်ဆုပ်ကိုင်လျက်မွေးလာ၏။ သို့ဖြစ်၍ သူ၏အမည်ကို ယာကုပ် ဟုမှည့်ခေါ်လေ၏။ ထိုသားတို့မွေးဖွားကြသောအခါ ဣဇက်သည် အသက်ခြောက်ဆယ်ရှိပြီဖြစ်၏။
ယာကုပ်သည် အီဂျစ်ပြည်၌ တစ်ဆယ့်ခုနစ်နှစ်အသက်ရှင်နေထိုင်ခဲ့၏။ ယာကုပ်အသက်ရှင်ခဲ့သောနေ့ရက်နှစ်ကာလများမှာ တစ်ရာလေးဆယ့်ခုနစ်နှစ်ဖြစ်၏။
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
ယောသပ်သည် အသက်တစ်ရာ့တစ်ဆယ်ရှိသော် သေဆုံးလေ၏။ ယောသပ်၏အလောင်းကိုဆေးစီရင်၍ အီဂျစ်ပြည်၌ အခေါင်းဖြင့်ထားကြလေ၏။