ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၌ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူလေ၏။ သူသည် ၎င်းအပေါ်၌ သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၍ ဆီကိုလည်းလောင်း၏။
ကမ္ဘာဦး 35:20 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် ရာခေလ၏သင်္ချိုင်း၌ မှတ်တိုင်ကိုစိုက်ထူလေ၏။ ၎င်းသည် ယနေ့တိုင်အောင် ရာခေလ၏သင်္ချိုင်းမှတ်တိုင်ဖြစ်၏။ Common Language Bible ယာကုပ်သည်သင်္ချိုင်းပေါ်တွင်မှတ်တိုင်ကိုစိုက် ထူခဲ့ရာ ယနေ့ထက်တိုင်ထိုမှတ်တိုင်ကိုရာ ခေလ၏သင်္ချိုင်းမှတ်တိုင်ဟုခေါ်တွင်လေသည်။- Garrad Bible ယာ ကုပ် လည်း သင်္ချိုင်း ပေါ် မှာ မှတ် တိုင် ကို စိုက် ထူ၍ ယ နေ့ တိုင် အောင် ရာ ခေ လ၏ သင်္ချိုင်း မှတ် တိုင် ဖြစ် သ တည်း။ Judson Bible ယာကုပ်လည်း သင်္ချိုင်းအပေါ်မှာ မှတ်တိုင်ကိုစိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏သင်္ချိုင်းမှတ်တိုင်ဖြစ်သတည်း။ |
ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၌ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူလေ၏။ သူသည် ၎င်းအပေါ်၌ သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၍ ဆီကိုလည်းလောင်း၏။
ယာကုပ်သည် ပါဒန်အာရံပြည်မှပြန်လာပြီးနောက် ဘုရားသခင်သည် သူ့အား တစ်ဖန်ကိုယ်ထင်ရှားပြ၍ ကောင်းချီးပေးတော်မူ၏။
ငါသည် ပါဒန်အာရံပြည်မှပြန်လာသောအခါ ခါနာန်ပြည်သို့အပြန်လမ်း၌ ဧဖရတ်အရပ်သို့ရောက်ရန်အလှမ်းဝေးသေးသောနေရာတွင် ရာခေလသည် ငါ့မျက်စိရှေ့မှာပင် သေဆုံး၍ သူ့ကို ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သင်္ဂြိုဟ်၏”ဟု ဆိုလေ၏။
ယနေ့ ငါ့ထံမှ သင်ပြန်သွားလျှင် ဗင်္ယာမိန်နယ်စပ်၊ ဇေလဇအရပ်ရှိ ရာခေလသင်္ချိုင်းအနားတွင် လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က သင့်အား ‘သင်သွားရှာသောမြည်းတို့ကို ပြန်တွေ့ပြီ။ ယခု သင့်ဖခင်သည် မြည်းတို့အတွက် မစိုးရိမ်တော့ဘဲ ငါ့သားအဖို့ မည်သို့ပြုရမည်နည်းဟု ဆိုပြီး သင်တို့အတွက် စိုးရိမ်လျက်ရှိ၏’ဟု သင့်ကို ပြောလိမ့်မည်။