မင်္ဂလာကြေးနှင့်လက်ဆောင်ကို သင်တို့အလိုရှိသမျှ အကျွန်ုပ်ထံမှတောင်းပါ။ သင်တို့တောင်းသည့်အတိုင်း အကျွန်ုပ်ပေးပါမည်။ ဤမိန်းကလေးကိုသာ အကျွန်ုပ်၏မယားအဖြစ်ပေးပါ”ဟု ဆို၏။
ကမ္ဘာဦး 34:13 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယာကုပ်၏သားတို့သည် သူတို့၏နှမဒိနကို ညစ်ညူးအောင် ရှေခင်ပြုခဲ့သောကြောင့် ရှေခင်နှင့်သူ၏ဖခင်ဟာမော်အား တစ်ဖက်လှည့်ဖြင့် ပြန်ပြောကြ၏။ Common Language Bible ယာကုပ်၏သားတို့သည်မိမိတို့၏နှမဒိန အား ရှေခင်ကအသရေပျက်အောင်ပြုကျင့်ခဲ့ သဖြင့် ရှေခင်နှင့်သူ၏ဖခင်ကိုပရိယာယ်သုံး ၍ဖြေကြားလေ၏။- Garrad Bible နှ မ ဒိ န ကို ရှေ ခင် ဖျက် ဆီး သည့် အ ကြောင်း ကြောင့် ရှေ ခင် နှင့် အ ဘ ဟာ မော် တို့ အား ပ ရိ ယာယ် ဖြင့် ယာ ကုပ် သား တို့ ပြန် ပြော သည် မှာ၊ Judson Bible ယာကုပ်၏သားတို့သည်၊ နှမဒိနကို ရှေခင်မင်းသားရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသားနှင့်အဘဟာမော်ကို ပရိယာယ်ဖြင့်ပြန်ပြောသည်မှာ၊ |
မင်္ဂလာကြေးနှင့်လက်ဆောင်ကို သင်တို့အလိုရှိသမျှ အကျွန်ုပ်ထံမှတောင်းပါ။ သင်တို့တောင်းသည့်အတိုင်း အကျွန်ုပ်ပေးပါမည်။ ဤမိန်းကလေးကိုသာ အကျွန်ုပ်၏မယားအဖြစ်ပေးပါ”ဟု ဆို၏။
သူတို့က “ငါတို့၏နှမကို အရေဖျားမလှီးသောသူနှင့်ပေးစားခြင်းအမှုကို ငါတို့မပြုနိုင်ပါ။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလိမ့်မည်။
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
သင်တို့သည် ဘုရားသခင်ဘက်မှနေ၍ ကောက်ကျစ်သောစကား၊ လိမ်လည်လှည့်စားသောစကားတို့ကို ပြောဆိုကြမည်လော။
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
ထာဝရဘုရားကိုပြစ်မှားကြ၏။ ငြင်းပယ်ကြ၏။ ဘုရားသခင်နောက်တော်သို့လိုက်ခြင်းမှ ပြန်ဆုတ်သွားကြ၏။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းအကြောင်းကို ပြောဆိုကြ၏။ စိတ်နှလုံးထဲ၌သန္ဓေတည်နေသော မုသားစကားကို မြွက်ဆိုကြ၏။
ဘုရားဝတ်၌မွေ့လျော်သောသူသည် မြေကြီးပေါ်မှ ပျောက်ကွယ်သွားလေပြီ။ လူတို့တွင် ဖြောင့်မှန်သောသူ တစ်ယောက်မျှမရှိ။ သူတို့အားလုံး လူ့အသက်သတ်ရန် ချောင်းမြောင်းနေကြ၏။ ညီအစ်ကိုအချင်းချင်းပင် ပိုက်ထောင်ဖမ်းကြ၏။
“ ‘ညအချိန် ငါတို့အိပ်ပျော်နေစဉ် သူ၏တပည့်တို့သည် လာ၍ အလောင်းကိုခိုးသွားကြသည်’ဟု ပြောကြလော့။
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
ရှံဆုန်က “ယခုတစ်ကြိမ် ဖိလိတ္တိလူမျိုးတို့ကို ငါဒုက္ခပေးမည်ဆိုလျှင်လည်း ငါ့အပြစ်မဟုတ်”ဟု ဆို၏။