ဧသောက “ငါတွေ့ခဲ့သော ဤတိရစ္ဆာန်အစုစုတို့ကား အဘယ်နည်း”ဟု မေးလျှင် ယာကုပ်က “အကျွန်ုပ်သခင်၏ရှေ့၌ မျက်နှာရရန်အတွက်ဖြစ်ပါ၏”ဟု ပြန်ဖြေလေ၏။
ဧသောက``လမ်းတွင်ငါတွေ့ခဲ့သောတိရစ္ဆာန် အုပ်များကိုမည်သည့်အတွက်ကြောင့်ရှေ့က သွားစေသနည်း'' ဟုမေးလျှင်၊ ယာကုပ်က``ကိုယ်တော်ထံမှမျက်နှာသာရ စေရန်ဖြစ်ပါသည်'' ဟုပြန်ဖြေလေ၏။
ဧ သော က လည်း ငါ တွေ့ ခဲ့ သော အ စု စု တို့ ကား မည် သို့ အ ရာ နည်း ဟု မေး ရာ၊ အ ရှင့် စိတ် တော် နှင့် တွေ့ စေ ရန် ဖြစ် ပါ သည် ဟု ပြန် လျှောက် သော်၊
ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စုအပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟုမေးလျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှာဖြစ်ပါသည်ဟု ပြန်ပြော၏။
အကျွန်ုပ်တွင် နွားများ၊ မြည်းများ၊ သိုးဆိတ်များနှင့် ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများရှိပါ၏။ အကျွန်ုပ်သည် သခင့်ရှေ့၌မျက်နှာရမည့်အကြောင်း လူလွှတ်၍ အကျွန်ုပ်၏သခင်အား ကြိုတင်ကြားလျှောက်ပါ၏’ဟူ၍ ပြောရမည်”ဟု မှာကြားလိုက်လေ၏။
စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။
ထို့နောက် လေအာနှင့်သူ၏ကလေးများသည်လည်း ချဉ်းကပ်၍ ပျပ်ဝပ်ကြ၏။ ထို့နောက်မှ ယောသပ်နှင့်ရာခေလသည် ချဉ်းကပ်၍ ပျပ်ဝပ်ကြ၏။
ထိုသို့ သခင်သည် မိမိအိမ်နှင့်မိမိ၌ရှိသောအရာအားလုံးတို့ကို သူ့အားအပ်နှံသောအချိန်မှစ၍ ထာဝရဘုရားသည် ယောသပ်အားဖြင့် ထိုအီဂျစ်အမျိုးသား၏အိမ်ကိုကောင်းချီးပေးတော်မူသဖြင့် သူ၏အိမ်၊ သူ၏လယ်ယာတို့၌ရှိသောအရာအားလုံးတို့အပေါ် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသက်ရောက်လေ၏။
ရှင်ဘုရင်သည် အခြားအပျိုတော်တို့ထက် ဧသတာကို ချစ်၏။ ထို့ကြောင့် ဧသတာသည် အခြားအပျိုတော်တို့ထက် မျက်နှာသာရ၍ မေတ္တာကရုဏာကို ခံရ၏။ ထို့ပြင် ရှင်ဘုရင်သည် သူ့ခေါင်းပေါ်၌ တော်ဝင်သရဖူကိုဆောင်းပေး၍ ဝါရှတိအစား သူ့ကို မိဖုရားမြှောက်လေ၏။