ကမ္ဘာဦး 33:4 - မြန်မာ့စံမီသမ္မာကျမ်း ဧသောသည် ပြေးလာ၍သူနှင့်တွေ့ဆုံပြီး သူ့ကိုပွေ့ဖက်လျက်၊ လည်ချင်းယှက်လျက် နမ်းလေ၏။ ထို့နောက် သူတို့သည် ငိုကြွေးကြ၏။ Common Language Bible ထိုအခါဧသောသည်ပြေး၍ယာကုပ်ကိုဖက် ယမ်းနမ်းရှုပ်လေသည်။ သူတို့နှစ်ဦးငိုကြွေးကြ ၏။- Garrad Bible ဧ သော သည် တွေ့ ဆုံး ခြင်း ငှါ ပြေး လာ၍ လည် ရှက် ဖက် ယမ်း နမ်း ရှုပ် လျက် နှစ် ဦး သား တို့ ငို ကြွေး ကြ ကုန် ၏။ Judson Bible ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှာပြေးလာ၍၊ လည်ချင်းယက်လျက်၊ ပိုက်ဖက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။ |
လာဗန်သည် မိမိတူ ယာကုပ်အကြောင်းကိုကြားရသောအခါ သူနှင့်တွေ့ဆုံရန် ပြေးလာကာ သူ့ကိုပွေ့ဖက်၍နမ်းပြီးလျှင် မိမိအိမ်သို့ခေါ်သွား၏။ ယာကုပ်သည်လည်း အကြောင်းအရာအားလုံးကို လာဗန်အားပြောပြလေ၏။
အကျွန်ုပ်အစ်ကိုဧသော၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကြောင်းမူကား သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ ကလေးနှင့်မိခင်တို့ကိုလည်းကောင်း တိုက်ခိုက်မည်ကိုအကျွန်ုပ်ကြောက်ပါ၏။
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
ယောသပ်သည် မိမိညီကို အလွန်ကရုဏာသက်သောကြောင့် အလျင်အမြန်ထွက်သွား၍ ငိုကြွေးရန်နေရာရှာပြီး အတွင်းခန်းထဲသို့ဝင်၍ ငိုကြွေးလေ၏။
ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
သူသည် အသံကိုလွှင့်၍ငိုကြွေးသဖြင့် အီဂျစ်ပြည်သားတို့သည်ကြားကြ၏။ ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့သည်လည်း ကြားကြ၏။
ယောသပ်သည် မိမိရထားကိုအသင့်ပြင်ဆင်စေပြီးလျှင် မိမိဖခင်အစ္စရေးနှင့်တွေ့ဆုံရန် ဂေါရှင်အရပ်သို့သွားလေ၏။ ဖခင်ကိုတွေ့သောအခါ ဖခင်၏လည်ပင်းကိုဖက်၍ အတန်ကြာငိုကြွေးလေ၏။
ထို့ကြောင့် ယွာဘသည် ရှင်ဘုရင်ထံသို့သွား၍ လျှောက်တင်ရာ ရှင်ဘုရင်က အဗရှလုံကိုဆင့်ခေါ်၏။ သူသည် ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်၏ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်၏။ ရှင်ဘုရင်လည်း အဗရှလုံကို နမ်းလေ၏။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
သူတို့သည် အဝေးမှလှမ်းကြည့်၍ ယောဘကိုမမှတ်မိသောအခါ အော်ဟစ်ငိုကြွေးကြလေ၏။ မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုလည်း မိုးပေါ်ပစ်တင်ကာ ခေါင်းပေါ်သို့ကျစေကြ၏။
ငါသည် ထာဝရဘုရားကိုရှာသောအခါ ကိုယ်တော်သည် ငါ့ကိုထူးတော်မူလျက် ငါကြောက်လန့်သောအမှုအားလုံးတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။
ထိုသူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် တောင်ဘက်ပုန်းအောင်းရာမှ ထွက်လာပြီး မြေပေါ်မှာ ပျပ်ဝပ်လျက် သုံးကြိမ်ဦးချလေ၏။ ပြီးလျှင် တစ်ဦးကိုတစ်ဦး ဖက်နမ်းလျက် ငိုကြွေးကြ၏။ ဒါဝိဒ်သည် ယောနသန်ထက် ပို၍ငိုကြွေးလေ၏။