လာဗန်သည် ယာကုပ်ကိုလိုက်မီသောအချိန်တွင် ယာကုပ်သည် တောင်ပေါ်ဒေသ၌ တဲထိုးထားနှင့်ပြီဖြစ်၏။ လာဗန်သည်လည်း သူ၏ဆွေမျိုးသားချင်းများနှင့်အတူ ဂိလဒ်ပြည်တောင်ပေါ်ဒေသ၌တဲထိုးလေ၏။
ယာကုပ်သည်တောင်ပေါ်၌လည်းကောင်း၊ လာဗန် နှင့်သားချင်းတို့သည်ဂိလဒ်တောင်ဒေသ၌ လည်းကောင်းစခန်းချကြလေသည်။
ထို အ ခါ ယာ ကုပ် သည် တောင် ပေါ် မှာ တဲ စိုက် နှင့် ပြီး နောက် လာ ဗန် လည်း လိုက် မှီ ၍ ဆွေ မျိုး သား ချင်း တို့ ပါ ဂိလဒ် တောင် တန်း ပေါ် မှာ တဲ စိုက် သ ဖြင့်၊
ထိုအခါယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။
ထို့နောက် သူသည် ထိုအရပ်မှ ဗေသလမြို့အရှေ့ဘက်ရှိ တောင်ပေါ်ဒေသသို့ရွှေ့ပြောင်း၍ တဲကိုဆောက်လေ၏။ ထိုအရပ်၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့ရှိ၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြု၏။
သို့သော် ဘုရားသခင်သည် အာရံလူမျိုးလာဗန်ထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင် သတိပြုလော့”ဟု မိန့်တော်မူ၏။
လာဗန်က ယာကုပ်အား “သင်မည်သို့ပြုသနည်း။ သင်သည် ငါ့ကိုမလိမ့်တပတ်လုပ်၍ ငါ့သမီးတို့ကို စစ်သုံ့ပန်းကဲ့သို့ ခေါ်ဆောင်သွားပြီတကား။
ယာကုပ်သည် ပါဒန်အာရံပြည်မှ ထွက်ခွာပြီးနောက် ခါနာန်ပြည်ရှိ ရှေခင်မြို့သို့ ကောင်းမွန်စွာရောက်ရှိလာပြီး ထိုမြို့၏အရှေ့ဘက်၌ စခန်းချလေ၏။
သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။