ရာခေလက “ဘုရားသခင်သည် ငါ့ကိုတရားသဖြင့်စီရင်ပေးတော်မူပြီ။ ငါ၏တောင်းလျှောက်သံကိုနားညောင်း၍ ငါ့အား သားကိုပေးသနားတော်မူပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဒန် ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 30:7 - မြန်မာ့စံမီသမ္မာကျမ်း ရာခေလ၏ကျွန်မဗိလဟာသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ ယာကုပ်အတွက် ဒုတိယသားကို မွေးဖွားပေး၏။ Common Language Bible တစ်ဖန်ဗိလဟာသည်ယာကုပ်နှင့်ဒုတိယသား ကိုရလေသည်။- Garrad Bible တစ် ဖန် ရာ ခေ လ ကျွန် မိန်း မ ဗိ လ ဟာ သည် ယာ ကုပ် ဖြင့် သ န္ဓေ ရ ပြန်၍ ဒု တိ ယ သား ယောက်ျား ကို ဖွား မြင် သော်၊ Judson Bible တစ်ဖန် ရာခေလ၏ကျွန်မဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကိုဖွားမြင်သည်ရှိသော်၊ |
ရာခေလက “ဘုရားသခင်သည် ငါ့ကိုတရားသဖြင့်စီရင်ပေးတော်မူပြီ။ ငါ၏တောင်းလျှောက်သံကိုနားညောင်း၍ ငါ့အား သားကိုပေးသနားတော်မူပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဒန် ဟုမှည့်ခေါ်လေ၏။
ထိုအခါ ရာခေလက “ငါသည် ငါ့အစ်မနှင့် အကြိတ်အနယ်နပန်းလုံး၍ နိုင်ခဲ့ပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို နဿလိ ဟုမှည့်ခေါ်လေ၏။
ဤသူတို့ကား လာဗန်က မိမိသမီးရာခေလအားလက်ဖွဲ့အဖြစ်ပေးသော ဗိလဟာ၏သားများဖြစ်ကြ၏။ ဗိလဟာသည် ယာကုပ်အတွက် ဤသားတို့ကိုမွေးဖွားပေး၍ စုစုပေါင်းခုနစ်ယောက်ရှိ၏။
အာရှာနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် နဿလိအမျိုး၏ဝေစုဖြစ်ရမည်။
နဿလိ၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ