လာဗန်ကလည်း “ငါသည် သင့်အား မည်သည့်အရာကိုပေးရမည်နည်း”ဟု မေးလျှင် ယာကုပ်က “အကျွန်ုပ်အား မည်သည့်အရာကိုမျှ မပေးပါနှင့်။ အကျွန်ုပ်ပြောမည့်အရာကို အကျွန်ုပ်အတွက်ဦးရီးပြုမည်ဆိုလျှင် အကျွန်ုပ်သည် ဦးရီး၏သိုးအုပ်၊ ဆိတ်အုပ်ကို ဆက်၍ထိန်းကျောင်းစောင့်ရှောက်ပါမည်။
ထိုအခါလာဗန်က``သင့်အတွက်အခမည် မျှပေးရမည်နည်း'' ဟုမေး၏။ ယာကုပ်က``အခမယူလိုပါ။ ဦးရီးက ကျွန်ုပ်၏အကြံပေးချက်ကိုလက်ခံလျှင် ကျွန်ုပ်သည်ဦးရီး၏တိရစ္ဆာန်များကိုဆက် လက်ထိန်းကျောင်းပါမည်။-
မည် မျှ ပေး ရ မည် နည်း ဟု လာ ဗန် မေး ပြန် သော် ယာ ကုပ် က၊ မည် သည့် အ ရာ ကို မျှ မ ပေး ပါ နှင့်။ ကျွန် တော် လျှောက် ထား မည့် အ တိုင်း ပြု မည် ဖြစ် ပါ လျှင် ဦး ရီး သိုး ဆိတ် များ ကို ဆက် လက် ထိန်း ကျောင်း ပါ ဦး မည်။
လာဗန်ကလည်း၊ အဘယ်အခကိုပေးရမည်နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်၊ ကျွန်ုပ်၌ကျေးဇူးတစ်ခုပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တစ်ဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည်။
အကျွန်ုပ်မရောက်မီ ဦးရီး၌ တိရစ္ဆာန်အနည်းငယ်သာရှိသော်လည်း ယခု များစွာတိုးပွားပါပြီ။ အကျွန်ုပ်ပြုသောအရာအားဖြင့် ထာဝရဘုရားသည် ဦးရီးကိုကောင်းချီးပေးတော်မူပြီ။ သို့သော် အကျွန်ုပ်သည် မည်သည့်အချိန်မှ အကျွန်ုပ်၏အိမ်သူအိမ်သားများအတွက် လုပ်ဆောင်နိုင်မည်နည်း”ဟု ဆို၏။
ယနေ့ အကျွန်ုပ်သည် ဦးရီး၏သိုးဆိတ်အားလုံးကို လှည့်ပတ်ကြည့်ရှု၍ အစက်အပြောက်ပါသောသိုးနှင့် ညိုသောသိုးသငယ်အားလုံး၊ အစက်အပြောက်ပါသောဆိတ်တို့ကို အကျွန်ုပ်ခွဲထုတ်ပါမည်။ ထိုသိုးဆိတ်တို့သည် အကျွန်ုပ်၏လုပ်အားခဖြစ်ရမည်။
ထာဝရဘုရားကိုခိုလှုံခြင်းသည် လူကိုကိုးစားခြင်းထက် ပို၍ကောင်း၏။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။