လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး၏အမည်မှာ လေအာ၊ အငယ်၏အမည်မှာ ရာခေလဖြစ်၏။
ကမ္ဘာဦး 30:19 - မြန်မာ့စံမီသမ္မာကျမ်း လေအာသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ ဆဋ္ဌမသားကို ယာကုပ်အတွက် မွေးဖွား၏။ Common Language Bible တစ်ဖန်လေအာသည်ကိုယ်ဝန်ဆောင်၍ဆဋ္ဌမ သားကိုဖွားမြင်သည်။- Garrad Bible တစ် ဖန် လေ အာ သည် ယာ ကုပ် ဖြင့် သ န္ဓေ ရ ပြန် ၍ ဆ ဌ မ သား ယောက်ျား ကို ဖွား မြင် လေ သော်၊ Judson Bible တစ်ဖန်လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကိုဖွားမြင်လေသော်၊ |
လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး၏အမည်မှာ လေအာ၊ အငယ်၏အမည်မှာ ရာခေလဖြစ်၏။
လေအာက “ငါသည် ငါ၏ကျွန်မကို ငါ့ယောက်ျားအားပေးသောကြောင့် ဘုရားသခင်သည် ငါ့အားအဖိုးအခကိုပေးတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဣသခါ ဟုမှည့်ခေါ်လေ၏။
ထိုအခါ လေအာက “ဘုရားသခင်သည် ကောင်းသောလက်ဆောင်ကို ငါ့အားပေးတော်မူပြီ။ ငါသည် ငါ့ယောက်ျားအတွက် သားခြောက်ယောက်ကိုမွေးဖွားပြီဖြစ်၍ ဤတစ်ကြိမ်တွင် သူသည် ငါ့ကိုတန်ဖိုးထားလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ဇာဗုလုန် ဟုမှည့်ခေါ်လေ၏။
ဣသခါနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဇာဗုလုန်အမျိုး၏ဝေစုဖြစ်ရမည်။
မျိုးနွယ်စုအလိုက် ဇာဗုလုန်၏အမျိုးအနွယ်များကား သရက်မှဆင်းသက်သော သရက်မျိုးနွယ်စု၊ ဧလုန်မှဆင်းသက်သော ဧလုန်မျိုးနွယ်စု၊ ယာလေလမှဆင်းသက်သော ယာလေလမျိုးနွယ်စု တို့ဖြစ်ကြ၏။