လေအာတောင်းလျှောက်သည်ကို ဘုရားသခင်နားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင်၍ ပဉ္စမသားကို ယာကုပ်အတွက် မွေးဖွား၏။
ကမ္ဘာဦး 30:18 - မြန်မာ့စံမီသမ္မာကျမ်း လေအာက “ငါသည် ငါ၏ကျွန်မကို ငါ့ယောက်ျားအားပေးသောကြောင့် ဘုရားသခင်သည် ငါ့အားအဖိုးအခကိုပေးတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဣသခါ ဟုမှည့်ခေါ်လေ၏။ Common Language Bible ထိုအခါလေအာက``ငါသည်ငါ၏ကျွန်မ ကိုလင်ယောကျာ်းအားပေးအပ်သောကြောင့် ဘုရားသခင်ကငါ့အားဆုချတော်မူပြီ'' ဟုဆိုလျက် ထိုသားကိုဣသခါဟူ၍နာမည်မှည့်လေသည်။- Garrad Bible ငါ့ ကျွန် မိန်း မ ကို လင် သို့ အပ် နှင်း သည့် အ တွက် ဘု ရား သ ခင် သည် ငါ အားအ ခ ကို ပေး တော် မူ ပြီ ဟု ဆို လျက် ဣ သ ခါ အ မည် ဖြင့် မှည့် လေ ၏။ Judson Bible ငါ့ကျွန်မကို ငါ့လင်အားပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အားအခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့်မှည့်လေ၏။ |
လေအာတောင်းလျှောက်သည်ကို ဘုရားသခင်နားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင်၍ ပဉ္စမသားကို ယာကုပ်အတွက် မွေးဖွား၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
ဣသခါအမျိုးသားတွင် အစ္စရေးလူတို့ပြုရမည့်အမှုကို အခြေအနေအချိန်အခါအလိုက် သိနားလည်သူ အကြီးအမှူးအယောက်နှစ်ရာနှင့် သူတို့၏အမိန့်ကိုနာခံသောဆွေမျိုးအားလုံး၊
ဇာဗုလုန်အမျိုးကိုကား၊ အို ဇာဗုလုန်အမျိုး၊ သင်ကုန်သွယ်သွားရာ၌ ဝမ်းမြောက်လော့။ အို ဣသခါအမျိုး၊ တဲ၌နေလျက် ဝမ်းမြောက်လော့။
ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊