ဂျုံရိတ်သိမ်းရာကာလ၌ ရုဗင်သည် လယ်သို့သွားရာ ဒူးဒဲပင်များကိုတွေ့သဖြင့် ၎င်းတို့ကို သူ၏မိခင်လေအာထံသို့ ယူဆောင်လာခဲ့၏။ ထိုအခါ ရာခေလက လေအာအား “သင့်သားရခဲ့သောဒူးဒဲပင်အချို့ကို ငါ့အားပေးပါလော့”ဟု ဆို၏။
ကမ္ဘာဦး 30:16 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် နေဝင်ချိန်၌ လယ်မှပြန်လာသောအခါ လေအာသည် သူ့ကိုကြိုဆိုရန်ထွက်သွား၍ “အကျွန်ုပ်သည် အကျွန်ုပ်၏သားရခဲ့သောဒူးဒဲပင်တို့နှင့် သင့်ကိုအမှန်ပင်ငှားထားပြီဖြစ်၍ သင်သည် အကျွန်ုပ်ထံသို့ဝင်ရမည်”ဟု ဆို၏။ ထို့ကြောင့် ထိုည၌ ယာကုပ်သည် လေအာနှင့်အတူအိပ်လေ၏။ Common Language Bible ညနေခင်း၌ယာကုပ်လယ်ထဲမှပြန်လာသော အခါ လေအာသည်ဆီးကြို၍``ကျွန်မ၏သားရ ခဲ့သောအနုဆေးသီးကိုရာခေလအားပေး သဖြင့် ရှင်ကျွန်မနှင့်အတူယနေ့ညအိပ်ရမည်'' ဟုပြောရာထိုည၌ယာကုပ်သည်လေအာနှင့် အိပ်လေ၏။ Garrad Bible ည နေ အ ချိန် ဂျုံ ခင်း မှ ယာ ကုပ် ပြန် လာ သော အ ခါ လေ အာ သည် ထွက်၍ ကြို ဆို ပြီး လျှင် ကျွန် မ ထံ အ မောင်၀င် ရ မည်။ ကျွန် မ သား၏ အ နု ဆေး သီး အ ခ နှင့် အ မောင် ကို ကျွန် မ မု ချ ငှါး ရ ပါ သည် ဟု ဆို သည့် အ တိုင်း ထို ညဉ့် တွင် သူ နှင့် အိပ် ရ လေ ၏။ Judson Bible ညဉ့်ဦးအချိန်၌၊ လယ်ပြင်မှယာကုပ်လာသောအခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှာသွား၍၊ သင်သည် အကျွန်ုပ်ထံသို့ဝင်ရမည်။ အကျွန်ုပ်၏သားရခဲ့သော အနုဆေးသီးနှင့် သင့်ကိုအကျွန်ုပ်ငှားသည်မှန်ပါ၏ဟု ဆိုသဖြင့်၊ ထိုနေ့ညတွင် သူနှင့်အိပ်ရလေ၏။ |
ဂျုံရိတ်သိမ်းရာကာလ၌ ရုဗင်သည် လယ်သို့သွားရာ ဒူးဒဲပင်များကိုတွေ့သဖြင့် ၎င်းတို့ကို သူ၏မိခင်လေအာထံသို့ ယူဆောင်လာခဲ့၏။ ထိုအခါ ရာခေလက လေအာအား “သင့်သားရခဲ့သောဒူးဒဲပင်အချို့ကို ငါ့အားပေးပါလော့”ဟု ဆို၏။
လေအာက “သင်သည် ငါ့ယောက်ျားကို ယူသည်နှင့်ပင် မလုံလောက်ဘဲ ငါ့သားရခဲ့သောဒူးဒဲပင်တို့ကိုလည်း ယူလိုသေးသလော”ဟု ဆို၏။ ရာခေလကလည်း “သို့ဖြစ်လျှင် သင့်သားရခဲ့သောဒူးဒဲပင်တို့နှင့်လဲလှယ်သည့်အနေဖြင့် ယနေ့ညတွင် သင်သည် ယာကုပ်နှင့်အတူအိပ်နိုင်သည်”ဟု ဆို၏။
လေအာတောင်းလျှောက်သည်ကို ဘုရားသခင်နားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင်၍ ပဉ္စမသားကို ယာကုပ်အတွက် မွေးဖွား၏။