အာဗြံ၏မယားစာရဲသည် အာဗြံအတွက် သားသမီးမမွေးဖွားပေးနိုင်ချေ။ စာရဲတွင် ဟာဂရအမည်ရှိသော အီဂျစ်လူမျိုးကျွန်မတစ်ယောက်ရှိ၏။
ကမ္ဘာဦး 29:24 - မြန်မာ့စံမီသမ္မာကျမ်း (လာဗန်သည် မိမိကျွန်မဇိလပကို သမီးလေအာ၏ကျွန်မအဖြစ် လက်ဖွဲ့၏။) Common Language Bible (လာဗန်သည်မိမိ၏ကျွန်မဇိလပကိုလေအာ ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-) Garrad Bible ကျွန် မိန်း မ ဇိ လ ပ ကို လည်း လေ အာ အား လက် ဖွဲ့ လေ ၏။ |
အာဗြံ၏မယားစာရဲသည် အာဗြံအတွက် သားသမီးမမွေးဖွားပေးနိုင်ချေ။ စာရဲတွင် ဟာဂရအမည်ရှိသော အီဂျစ်လူမျိုးကျွန်မတစ်ယောက်ရှိ၏။
ထို့ကြောင့် သူတို့သည် မိမိတို့ညီမရေဗက္ကာနှင့် သူ၏အထိန်းကို အာဗြဟံ၏အစေအပါး၊ သူ၏လူတို့နှင့်အတူ လွှတ်လိုက်ကြ၏။
နေဝင်ချိန်၌ လာဗန်သည် မိမိသမီးလေအာကိုခေါ်၍ ယာကုပ်ထံပို့ဆောင်၏။ ယာကုပ်သည်လည်း သူ့ထံသို့ဝင်လေ၏။
နံနက်အချိန်ရောက်သောအခါ ယာကုပ်သည် လေအာဖြစ်ကြောင်းမြင်လျှင် လာဗန်အား “အကျွန်ုပ်၌ ဦးရီးပြုသောဤအမှုကား မည်သို့နည်း။ အကျွန်ုပ်သည် ရာခေလကိုရဖို့ ဦးရီးကိုအစေခံခဲ့သည်မဟုတ်လော။ အကျွန်ုပ်ကို အဘယ်ကြောင့်လှည့်စားရသနည်း”ဟု ဆို၏။
လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်၊ အာရှာ တို့ဖြစ်ကြ၏။ ဤသူတို့ကား ပါဒန်အာရံပြည်၌မွေးဖွားသော ယာကုပ်၏သားများဖြစ်ကြ၏။
ဤသူတို့ကား လာဗန်က မိမိသမီးလေအာအားလက်ဖွဲ့အဖြစ်ပေးသော ဇိလပ၏သားများဖြစ်ကြ၏။ ဇိလပသည် ယာကုပ်အတွက် ဤသားတစ်ဆယ့်ခြောက်ယောက်ကို မွေးဖွားပေး၏။