လာဗန်က “သင်သည် ငါ၏ဆွေမျိုးသားချင်းဖြစ်သောကြောင့် အဖိုးအခမယူဘဲ ငါ့ကိုအစေခံရမည်လော။ သင်၏လုပ်အားခအတွက် မည်သည့်အရာပေးရမည်ကို ငါ့အားပြောလော့”ဟု ယာကုပ်အား ဆို၏။
ကမ္ဘာဦး 29:16 - မြန်မာ့စံမီသမ္မာကျမ်း လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး၏အမည်မှာ လေအာ၊ အငယ်၏အမည်မှာ ရာခေလဖြစ်၏။ Common Language Bible လာဗန်တွင်သမီးနှစ်ယောက်ရှိ၏။ သမီး အကြီး၏နာမည်သည်လေအာဖြစ်၍ သမီးအငယ်၏နာမည်မှာရာခေလဖြစ်၏။- Garrad Bible ထို အ ခါ လာ ဗန်၌ သ မီး နှစ် ယောက် ရှိ ရာ အ ကြီး လေ အာ၊ အ ငယ် ရာ ခေ လ အ မည် ရှိ ကြ ၏။ Judson Bible ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီးကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည်ရှိ၏။ |
လာဗန်က “သင်သည် ငါ၏ဆွေမျိုးသားချင်းဖြစ်သောကြောင့် အဖိုးအခမယူဘဲ ငါ့ကိုအစေခံရမည်လော။ သင်၏လုပ်အားခအတွက် မည်သည့်အရာပေးရမည်ကို ငါ့အားပြောလော့”ဟု ယာကုပ်အား ဆို၏။
ထို့ကြောင့် ယာကုပ်သည် လူလွှတ်၍ ရာခေလနှင့်လေအာကို မိမိ၏သိုးဆိတ်တို့ရှိရာကွင်းပြင်သို့ ခေါ်လာစေပြီးလျှင်
ကျွန်မနှစ်ယောက်နှင့်သူတို့၏ကလေးများကို ရှေ့ဆုံး၌လည်းကောင်း၊ လေအာနှင့်သူ၏ကလေးများကို အလယ်၌လည်းကောင်း၊ ရာခေလနှင့်ယောသပ်ကို နောက်ဆုံး၌လည်းကောင်း ထားလေ၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
ဤသူတို့ကား ပါဒန်အာရံပြည်၌ ယာကုပ်အတွက် လေအာမွေးဖွားပေးသော လေအာ၏သားများဖြစ်ကြ၏။ သမီးဒိနအပါအဝင် ယာကုပ်၏သားသမီးစုစုပေါင်းမှာ သုံးဆယ့်သုံးယောက်ဖြစ်၏။
ထိုအရပ်၌ အာဗြဟံနှင့်သူ၏မယားစာရာကို သင်္ဂြိုဟ်ကြ၏။ ထိုအရပ်၌ ဣဇက်နှင့်သူ၏မယားရေဗက္ကာကို သင်္ဂြိုဟ်ကြ၏။ လေအာကိုလည်း ထိုအရပ်၌ ငါသင်္ဂြိုဟ်ခဲ့၏။
မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။