အကျွန်ုပ်သည် ဆီးရီးယားပြည်၊ ဂေရှုရမြို့တွင်နေစဉ်က ‘ထာဝရဘုရားသည် အကျွန်ုပ်ကို ဂျေရုဆလင်မြို့သို့ အမှန်တကယ်ပြန်လည်ပို့ဆောင်တော်မူလျှင် ထာဝရဘုရားကို အကျွန်ုပ်ဝတ်ပြုပါမည်’ဟု ကျွန်တော်မျိုးကတိသစ္စာပြုခဲ့ပါပြီ”ဟု လျှောက်၏။
ကမ္ဘာဦး 28:21 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် အကျွန်ုပ်ဖခင်၏အိမ်သို့ ငြိမ်းချမ်းစွာပြန်လာရလျှင် ထာဝရဘုရားသည် အကျွန်ုပ်၏ဘုရားဖြစ်မည်။ Common Language Bible အကျွန်ုပ်ဖခင်အိမ်သို့ချောမောစွာပြန်လည်ပို့ ဆောင်တော်မူပါကကိုယ်တော်ရှင်သည်အကျွန်ုပ် ဘုရားဖြစ်တော်မူမည်။- Garrad Bible ချမ်း သာ စွာ အ ဘ အိမ် သို့ ပြန် လာ ရ ပါ လျှင်၊ ထာ၀ ရ ဘု ရား သည် ငါ့ ဘု ရား ဖြစ် တော် မူ ၍၊ Judson Bible ငါသည် တစ်ဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာပြန်ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရားဖြစ်တော်မူလျှင်လည်းကောင်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း၊ ဘုရားသခင်၏ဗိမာန်ဖြစ်ရမည်။ |
အကျွန်ုပ်သည် ဆီးရီးယားပြည်၊ ဂေရှုရမြို့တွင်နေစဉ်က ‘ထာဝရဘုရားသည် အကျွန်ုပ်ကို ဂျေရုဆလင်မြို့သို့ အမှန်တကယ်ပြန်လည်ပို့ဆောင်တော်မူလျှင် ထာဝရဘုရားကို အကျွန်ုပ်ဝတ်ပြုပါမည်’ဟု ကျွန်တော်မျိုးကတိသစ္စာပြုခဲ့ပါပြီ”ဟု လျှောက်၏။
ရှောလုမင်းကြီး၏မြေး မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ကြိုဆိုရန် ဆင်းလာ၏။ ရှင်ဘုရင်ထွက်သွားသည့်နေ့မှစ၍ ဘေးကင်းစွာပြန်လာသည့်နေ့အထိ သူသည် ကိုယ့်ခြေကို မဆေး၊ နှုတ်ခမ်းမွေးကို မရိတ်၊ အဝတ်ကိုလည်း မလျှော်ဖွပ်ဘဲ နေ၏။
မေဖိဗောရှက်က ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် နန်းတော်သို့ ဘေးကင်းစွာပြန်ရောက်ပြီဖြစ်၍ သူသည် ဤမြေအားလုံးကို ယူပါစေ”ဟု လျှောက်တင်လေ၏။
ထိုအခါ နေမန်က “သို့ပြုလျှင် အရှင့်အစေအပါးအား လားနှစ်စီးတင်နိုင်သောမြေကို ပေးပါ။ အရှင့်အစေအပါးသည် ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများထံ မီးရှို့ရာယဇ်နှင့်ပူဇော်သက္ကာကို ပူဇော်တော့မည်မဟုတ်ပါ။
ယာဗက်က အစ္စရေးလူမျိုး၏ဘုရားသခင်ထံ “အကျွန်ုပ်ကို ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်နယ်မြေကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်နှင့်အတူ ပါရှိတော်မူပြီး ထိခိုက်ဒဏ်ရာရမည့်ဘေးအန္တရာယ်မှ ကွယ်ကာတော်မူပါ”ဟု အော်ဟစ်ဆုတောင်းသောအခါ သူဆုတောင်းသည့်အတိုင်း ဘုရားသခင်ပေးသနားတော်မူ၏။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
ထာဝရဘုရားသည် သင်၏ဘုရားသခင်ဖြစ်တော်မူ၏၊ ကိုယ်တော်၏လမ်းတော်များ၌လျှောက်လှမ်း၍ ကိုယ်တော်၏ပြဋ္ဌာန်းချက်များ၊ ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းပါမည်၊ ကိုယ်တော်၏စကားတော်များကို နားထောင်ပါမည်ဟု ယနေ့ သင်ဝန်ခံလေပြီ။
အမ္မုန်အမျိုးသားတို့ကို အောင်နိုင်၍ ပြန်လာသောအခါ အကျွန်ုပ်အား အိမ်တံခါးဝမှထွက်ကြိုသောသူကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်အဖြစ် ပူဇော်ပါမည်”ဟု ထာဝရဘုရားထံ ကတိသစ္စာပြုလေ၏။