ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်ခွာ၍ ဟာရန်ပြည်သို့သွားလေ၏။
ယာကုပ်သည်ဗေရရှေဘအရပ်မှခါရန် မြို့သို့ခရီးထွက်ခဲ့လေသည်။-
ယာ ကုပ် သည် ဗေ ရ ရှေ ဘ မြို့ မှ ထွက်၍ ခါ ရန် မြို့ သို့ သွား စဉ် တွင်၊
ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊
တေရသည် သားအာဗြံ၊ ဟာရန်၏သားဖြစ်သော မိမိ၏မြေးလောတနှင့် သားအာဗြံ၏မယားဖြစ်သော မိမိ၏ချွေးမ စာရဲတို့ကိုခေါ်၍ ခါနာန်ပြည်သို့သွားရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှထွက်ခွာလေ၏။ သို့သော် ဟာရန်မြို့သို့ရောက်သောအခါ ထိုမြို့၌အခြေချကြ၏။
ထိုအခါ အာဗြံသည် မိမိအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထွက်ခွာလေ၏။ လောတသည်လည်း သူနှင့်အတူလိုက်သွား၏။ အာဗြံသည် ဟာရန်မြို့မှထွက်လာသောအခါ အသက်ခုနစ်ဆယ့်ငါးနှစ်ရှိ၏။
အာဗြံသည် မိမိမယားစာရဲနှင့် မိမိတူလောတကိုလည်းကောင်း၊ သူတို့စုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ဟာရန်မြို့၌ ရရှိသောလူတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ခါနာန်ပြည်သို့သွားရန်ထွက်ခွာလေ၏။ ထို့နောက် သူတို့သည် ခါနာန်ပြည်သို့ရောက်ကြ၏။
ထို့နောက် သူသည် ထိုအရပ်မှထွက်၍ ဗေရရှေဘအရပ်သို့ သွားလေ၏။
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်လော့။ ထ၍ ဟာရန်မြို့၌ရှိသော ငါ့အစ်ကိုလာဗန်ထံသို့ ထွက်ပြေးလော့။
ယာကုပ်က သိုးထိန်းတို့အား “ငါ့ညီအစ်ကိုတို့၊ သင်တို့ အဘယ်အရပ်ကလာကြသနည်း”ဟု မေးရာ သူတို့က “ငါတို့သည် ဟာရန်မြို့မှလာကြသည်”ဟု ပြန်ဖြေကြ၏။
ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
ထို့နောက် ဘုရားသခင်က ယာကုပ်အား “ထလော့။ ဗေသလအရပ်သို့သွား၍ ထိုအရပ်၌ နေထိုင်လော့။ သင်၏အစ်ကိုဧသောထံမှ သင်ထွက်ပြေးစဉ်က သင့်အား ကိုယ်ထင်ရှားပြသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့”ဟု မိန့်တော်မူ၏။
သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။
ထို့နောက် အစ္စရေးသည် မိမိပိုင်ဆိုင်သမျှကိုယူဆောင်လျက် ခရီးပြုလေ၏။ ဗေရရှေဘအရပ်သို့ရောက်သော် မိမိဖခင်ဣဇက်၏ဘုရားသခင်အား ယဇ်ပူဇော်၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့် အီဂျစ်ပြည်မှသင်ထုတ်ဆောင်ခဲ့သောလူတို့ ဤနေရာမှထွက်၍ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အား ‘ထိုပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ထိုပြည်သို့ သွားကြလော့။
ယာကုပ်သည် အာရံပြည်သို့ ထွက်ပြေးလေပြီ။ အစ္စရေးသည် မယားရရန်အတွက် အစေခံလေပြီ။ မယားရရန်အတွက် သိုးထိန်းလေပြီ။
ထိုမှ ရက်အနည်းငယ်ကြာပြီးနောက် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ဖေတ္တုမင်းကိုနှုတ်ဆက်ရန် ဆီဇာရီးယားမြို့သို့ရောက်လာကြ၏။
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်