ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
ကမ္ဘာဦး 27:46 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရေဗက္ကာက ဣဇက်အား “အကျွန်ုပ်သည် ဟေသအမျိုးသမီးတို့ကြောင့် အသက်ရှင်ရသည်ကိုပင် ငြီးငွေ့ပါပြီ။ ဤပြည်ရှိအမျိုးသမီးကဲ့သို့သော ဟေသအမျိုးသမီးတို့နှင့် ယာကုပ်အိမ်ထောင်ပြုမည်ဆိုလျှင် အကျွန်ုပ်အသက်ရှင်ရသည်မှာ မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။ Common Language Bible ရေဗက္ကကဣဇာက်အား``ကျွန်မသည်ဧသော၏ အမျိုးချင်းမတူသောမယားများကြောင့် သေ ချင်အောင်စိတ်ညစ်ရသည်။ အကယ်၍ယာကုပ် သည်ဤအရပ်၌ရှိသော ဟိတ္တိအမျိုးသမီး တစ်ဦးဦးနှင့်အိမ်ထောင်ကျမည်ဆိုလျှင် ကျွန်မအသက်ရှင်မနေနိုင်တော့ပါ'' ဟု ပြောလေ၏။ Garrad Bible ထို နောက် ရေ ဗ က္က က၊ ကျွန် မ သည်၊ ဟေ သ အ မျိုး သ မီး တို့ ကြောင့် ကိုယ့် အ သက် ကို ပင် ငြီး ငွေ့ လှ ၏။ ထို မိန်း မ တို့ ကဲ့ သို့ ဤ ပြည် သူ တည်း ဟူ သော ဟေ သ အ မျိုး သ မီး နှင့် ယာ ကုပ် အိမ် ထောင် ဘက် ပြု လျှင် ကျွန် မ အ သက် ရှင်၍ မည် သည့် အ ကျိုး ရှိ အံ့ နည်း ဟု ဣ ဇာက် အား ပြော ဆို ရာ၊ Judson Bible တစ်ဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက်ကိုငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဖက်ပြုလျှင်၊ ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။ |
ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
ဖခင်ဣဇက်သည် ခါနာန်အမျိုးသမီးတို့အား မနှစ်မြို့သည်ကိုလည်း ဧသောသိမြင်လေ၏။
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဝှက်ထားပါစေသော။ အမျက်တော်ပြေသည်အထိ အကျွန်ုပ်ကို မျက်နှာလွှဲထားပါစေသော။ အကျွန်ုပ်အား အောက်မေ့ရမည့်အချိန်ကိုလည်း သတ်မှတ်ထားပါစေသော။
ကိုယ့်ကိုယ်ကိုယ် ရွံ့ရှာမိပါ၏။ ထာဝစဉ်အသက်ရှင်ရမည်လည်း မဟုတ်ပါ။ အကျွန်ုပ်၏နေ့ရက်များလည်း အချည်းနှီးပင်ဖြစ်သောကြောင့် အကျွန်ုပ်ကို ပစ်ထားလိုက်ပါ။
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်၏အသက်ကို ယခုပင်နုတ်ယူတော်မူပါ။ အကျွန်ုပ် အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆုတောင်းလေ၏။
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။
ကိုယ်တော်သည် အကျွန်ုပ်အား ဤသို့ပြုတော်မူမည်ဆိုလျှင် ယခုပင် အကျွန်ုပ်ကို ကွပ်မျက်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏မျက်မှောက်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခနှင့် မကြုံတွေ့ပါရစေနှင့်”ဟု လျှောက်ဆိုလေ၏။