သူသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းထက်သောမုဆိုးဖြစ်၏။ ထို့ကြောင့် “ထာဝရဘုရား၊ ထံတော်ပါးဝယ်၊ စွမ်းအားပြည့်ဖြိုး၊ မုဆိုးမည်ရ၊ နိမ်ရောဒအလား”ဟု ဆိုလေ့ရှိကြ၏။
ကမ္ဘာဦး 27:3 - မြန်မာ့စံမီသမ္မာကျမ်း ငါမသေမီ သင့်ကို ငါကောင်းချီးပေးဖို့ သင်၏လက်စွဲတော် လေးနှင့်မြားအိမ်ကိုယူ၍ တောသို့သွားပြီး ငါ့အဖို့ တောကောင်ကိုလိုက်လော့။ Common Language Bible သင်သည်လေးနှင့်မြားကိုယူ၍တောထဲသို့ သွားပြီးလျှင် ငါ့အတွက်အမဲရှာဖွေခဲ့ပါ။- Garrad Bible ငါ မ သေ မီ ငါ့ စိတ် ၀ိ ညာဉ် သည် သင့် ကို ကောင်း ကြီး ပေး စေ ရန် သင့် လက် နက် တည်း ဟူ သော လေး နှင့် မြှား ကျည် တောက် ကို ဆောင် ကိုင် ၍ တော သို့ သွား လျက် အ မဲ လိုက် ပြီး လျှင် ငါ မြိန် ရှက် သော ခဲ ဖွယ် ဘော ဇဉ် ကို ပြင် ဆင် ၍ ငါ စား ရန် ယူ ခဲ့ လော့ ဟု ပြော ဆို ၏။ Judson Bible မသေမီ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြားတောင့်ကိုဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဖို့ အမဲကောင်ကိုရအောင်ရှာပြီးလျှင်၊ |
သူသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းထက်သောမုဆိုးဖြစ်၏။ ထို့ကြောင့် “ထာဝရဘုရား၊ ထံတော်ပါးဝယ်၊ စွမ်းအားပြည့်ဖြိုး၊ မုဆိုးမည်ရ၊ နိမ်ရောဒအလား”ဟု ဆိုလေ့ရှိကြ၏။
ငါကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်ပြီး ငါစားဖို့ ငါ့ထံ ယူလာလော့”ဟု ဆိုလေ၏။
မြေတစ်ပြင်လုံး ချုံတော၊ ဆူးတော ဖြစ်သွားသောကြောင့် လူတို့သည် ထိုနေရာသို့သွားလျှင် လေး၊ မြား ဆောင်လျက် သွားရလိမ့်မည်။
ငါသည် ခပ်သိမ်းသောအမှုအရာတို့ကို ပြုခွင့်ရှိ၏။ သို့သော် အမှုအရာအားလုံးသည် အကျိုးရှိသည်မဟုတ်။ ငါသည် ခပ်သိမ်းသောအမှုအရာတို့ကို ပြုခွင့်ရှိ၏။ သို့သော် မည်သည့်အမှုအရာ၏စိုးမိုးခြင်းကိုမျှ ငါခံမည်မဟုတ်။