အကျွန်ုပ်၏ဖခင်သည် အကျွန်ုပ်ကိုစမ်းကြည့်ကောင်းစမ်းကြည့်လိမ့်မည်။ ထိုအခါ အကျွန်ုပ်ကို လိမ်လည်လှည့်ဖြားသောသူဟု မှတ်၍ အကျွန်ုပ်သည် ကောင်းချီးမင်္ဂလာကိုမဟုတ်ဘဲ ကျိန်ဆဲခြင်းကိုသာခံရပါလိမ့်မည်”ဟု သူ့မိခင်ရေဗက္ကာအားဆိုလေ၏။
ကမ္ဘာဦး 27:21 - မြန်မာ့စံမီသမ္မာကျမ်း ဣဇက်ကလည်း “ငါ့သား၊ သင်သည် အမှန်ပင် ငါ့သားဧသောဟုတ်၊ မဟုတ် သင့်ကို ငါစမ်းကြည့်နိုင်ရန် ငါ့နားသို့လာပါလော့”ဟု ယာကုပ်အားဆို၏။ Common Language Bible ထိုအခါဣဇာက်က``ငါသင့်ကိုစမ်းကြည့်နိုင် ရန်အနားသို့တိုးလာပါ။ သင်သည်ဧသော အမှန်ပင်ဖြစ်ပါသလော'' ဟုမေးလေသည်။- Garrad Bible ဣ ဇာက် က ငါ့ သား၊ သင် သည် သား ဧ သော မှန် သည်၊ မ မှန် သည် ကို သိ လို၍ စမ်း သပ် ရန် ချဉ်း ကပ် လော့ ဟု ဆို လျှင်၊ Judson Bible ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သားဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်းသပ်စေခြင်းငှာ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊ |
အကျွန်ုပ်၏ဖခင်သည် အကျွန်ုပ်ကိုစမ်းကြည့်ကောင်းစမ်းကြည့်လိမ့်မည်။ ထိုအခါ အကျွန်ုပ်ကို လိမ်လည်လှည့်ဖြားသောသူဟု မှတ်၍ အကျွန်ုပ်သည် ကောင်းချီးမင်္ဂလာကိုမဟုတ်ဘဲ ကျိန်ဆဲခြင်းကိုသာခံရပါလိမ့်မည်”ဟု သူ့မိခင်ရေဗက္ကာအားဆိုလေ၏။
ထို့ကြောင့် ယာကုပ်သည် သူ၏ဖခင်ဣဇက်ထံချဉ်းကပ်လေ၏။ ဖခင်သည်လည်း သူ့ကိုစမ်းကြည့်ပြီးလျှင် “အသံကား ယာကုပ်၏အသံ၊ လက်ကား ဧသော၏လက်ပါတကား”ဟု ဆို၏။
အကျွန်ုပ်အတွက်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းသည် ကောင်းမြတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အမှုတော်ရှိသမျှတို့ကို ပြောကြားရန် ဘုရားရှင်ထာဝရဘုရားကို အကျွန်ုပ်၏ခိုလှုံရာဖြစ်စေပါ၏။
နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။