ငါမသေမီ သင့်ကို ငါကောင်းချီးပေးဖို့ သင်၏လက်စွဲတော် လေးနှင့်မြားအိမ်ကိုယူ၍ တောသို့သွားပြီး ငါ့အဖို့ တောကောင်ကိုလိုက်လော့။
ကမ္ဘာဦး 27:2 - မြန်မာ့စံမီသမ္မာကျမ်း ဣဇက်ကလည်း “ယခု ငါအသက်ကြီးပြီ။ မည်သည့်နေ့ရက်၌ သေရမည်ကို ငါမသိ။ Common Language Bible ထိုအခါဣဇာက်က``ငါသည်ယခုအိုလှပြီ။ မကြာမီသေရမည်။- Garrad Bible အ ဘ က၊ ငါ အို မင်း လှ ပြီ။ သေ အံ့ သော နေ့ ရက် ကို ငါ မ သိ။ Judson Bible အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သောအခါ သေရမည်ကိုငါမသိ။ |
ငါမသေမီ သင့်ကို ငါကောင်းချီးပေးဖို့ သင်၏လက်စွဲတော် လေးနှင့်မြားအိမ်ကိုယူ၍ တောသို့သွားပြီး ငါ့အဖို့ တောကောင်ကိုလိုက်လော့။
အစ္စရေးသည် သေရမည့်နေ့ရက်နီးသောအခါ မိမိသားယောသပ်အားခေါ်၍ “ယခု ငါသည် သင့်ရှေ့၌မျက်နှာရလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီး ငါ့အားမေတ္တာကရုဏာပြ၍ သစ္စာပြုပါ။ အီဂျစ်ပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
မနက်ဖြန်အတွက် မဝါကြွားနှင့်။ အကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ်မည်ကို သင်မသိ။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ထိုကာလ၌ ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်းဖြစ်လေ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် သူ့ထံသို့လာ၍ “သင်သေရမည်။ သင်အသက်ရှင်ရတော့မည်မဟုတ်သောကြောင့် သင့်နန်းတွင်းရေးရာတို့ကို စီမံခဲ့လော့ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု လျှောက်လေ၏။
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး အော်ဟစ်ငိုကြွေးလေ၏။
သို့ဖြစ်၍ အိမ်ရှင်သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်အချိန်၊ သို့မဟုတ် ကြက်ဦးတွန်ချိန်၊ သို့မဟုတ် နံနက်စောစောအချိန်တို့ထဲမှ မည်သည့်အချိန်၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် သတိနှင့်စောင့်နေကြလော့။
သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။