မိမိချက်ထားသည့် အရသာကောင်းသောဟင်းလျာနှင့်မုန့်ကိုလည်း သားယာကုပ်၏လက်၌ ထည့်ပေးလေ၏။
ကမ္ဘာဦး 27:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယာကုပ်သည် မိမိဖခင်ထံသို့သွား၍ “အဖေ”ဟု ခေါ်လျှင် ဖခင်က “ပြောပါ ငါ့သား၊ သင်သည် မည်သူနည်း”ဟု မေးလေ၏။ Common Language Bible ယာကုပ်သည်သူ၏ဖခင်ထံသို့သွား၍``အဖ'' ဟုခေါ်လျှင်၊ ဣဇာက်က``သား'' ဟုထူးပြီးလျှင်``သားကြီး လော၊ သားငယ်လော'' ဟုမေးလေ၏။ Garrad Bible ယာ ကုပ် သည် အ ဘ ထံ ၀င် ၍ အ ဘ ဟု ခေါ် လျှင် အ ဘ က၊ ငါ့ သား၊ ငါ ရှိ ၏။ သင် မည် သူ နည်း ဟု မေး သော်၊ Judson Bible ယာကုပ်လည်း အဘထံသို့သွား၍၊ အဘဟုခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား၊ သင်သည် အဘယ်သူနည်းဟုမေး၏။ |
မိမိချက်ထားသည့် အရသာကောင်းသောဟင်းလျာနှင့်မုန့်ကိုလည်း သားယာကုပ်၏လက်၌ ထည့်ပေးလေ၏။
ယာကုပ်ကလည်း “အကျွန်ုပ်သည် အဖေ့သားဦးဧသောဖြစ်ပါသည်။ အဖေပြောသည့်အတိုင်း အကျွန်ုပ်ပြုပါပြီ။ အဖေသည် အကျွန်ုပ်ကို ကောင်းချီးပေးမည့်အကြောင်း ယခု ထ၍ထိုင်ပါ။ အကျွန်ုပ်၏တောကောင်သားကို စားပါ”ဟု မိမိဖခင်အား ဆိုလေ၏။
ဖခင်ဣဇက်ကလည်း “သင်သည် မည်သူနည်း”ဟု မေးလျှင် ဧသောက “အကျွန်ုပ်သည် အဖေ့သား၊ အဖေ့သားဦးဧသောဖြစ်ပါသည်”ဟု ဆို၏။
အစ္စရေးက ယောသပ်အား “သင်၏အစ်ကိုတို့သည် ရှေခင်မြို့အနီး၌ သိုးဆိတ်တို့ကိုထိန်းကျောင်းနေသည်မဟုတ်လော။ လာပါ။ သင့်ကို သူတို့ထံသို့ ငါစေလွှတ်မည်”ဟု ဆိုလျှင် သူက “ဟုတ်ကဲ့ပါ”ဟု ဆို၏။
သင်ခေါ်သောအခါ ထာဝရဘုရား ထူးတော်မူမည်။ အကူအညီအော်ဟစ်တောင်းခံသောအခါ “ငါရှိ၏”ဟု မိန့်တော်မူမည်။ သင်သည် သူတစ်ပါးကိုလက်ညှိုးထိုးခြင်း၊ ယုတ်ညံ့သောစကားပြောဆိုခြင်းဟူသော သင့်တွင်ရှိသောထမ်းပိုးကို ဖယ်ရှား၍