အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
ကမ္ဘာဦး 26:23 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူသည် ထိုအရပ်မှထွက်၍ ဗေရရှေဘအရပ်သို့ သွားလေ၏။ Common Language Bible ထိုနောက်ဣဇာက်သည်ဗေရရှေဘအရပ်သို့ ပြောင်းရွှေ့ခဲ့သည်။- Garrad Bible တစ် ဖန် ထို အ ရပ် မှ ဗေ ရ ရှေ ဘ အ ရပ် သို့ ထွက် သွား ပြီး မှ၊ Judson Bible တစ်ဖန်ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်းလေ၏။ |
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
သူသည် ထိုအရပ်ကို ဗေရရှေဘ ဟုခေါ်၏။ အကြောင်းမူကား သူတို့နှစ်ဦးသည် ထိုအရပ်၌ ကျိန်ဆိုကြသောကြောင့်ဖြစ်၏။
ထို့နောက် အာဗြဟံသည် မိမိ၏ငယ်သားတို့ထံသို့ပြန်လာ၏။ ထိုအခါ သူတို့သည်ထ၍ ဗေရရှေဘအရပ်သို့ အတူတကွပြန်လာကြ၏။ အာဗြဟံသည် ဗေရရှေဘအရပ်၌ နေထိုင်လေ၏။
ထို့နောက် အစ္စရေးသည် မိမိပိုင်ဆိုင်သမျှကိုယူဆောင်လျက် ခရီးပြုလေ၏။ ဗေရရှေဘအရပ်သို့ရောက်သော် မိမိဖခင်ဣဇက်၏ဘုရားသခင်အား ယဇ်ပူဇော်၏။
ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မသွားကြနှင့်။ ဗေရရှေဘမြို့သို့ ဖြတ်သန်းသွားလာခြင်း မပြုကြနှင့်။ အကြောင်းမူကား ဂိလဂါလမြို့သည် အမှန်ပင် သိမ်းပိုက်ခံရမည်။ ဗေသလမြို့သည် ဘာမျှမဟုတ်သောမြို့ဖြစ်မည်။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။