အစေအပါးကလည်း “အကယ်၍ မိန်းမသည် ဤပြည်သို့ အကျွန်ုပ်နှင့်အတူမလိုက်လာလိုလျှင် သခင်၏သားကို သခင်ထွက်လာခဲ့သောပြည်သို့ အကျွန်ုပ်ခေါ်သွားရပါမည်လော”ဟု မေးလျှောက်၏။
ကမ္ဘာဦး 24:6 - မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံကလည်း “ငါ့သားကို ထိုအရပ်သို့ မခေါ်သွားမိစေရန် သင်သတိပြုလော့။ Common Language Bible အာဗြဟံကလည်း``ထိုပြည်သို့ငါ့သားကို သင်ခေါ်၍မသွားရ။- Garrad Bible အာ ဗြ ဟံ က၊ ငါ့ သား ကို ထို ပြည် သို့ ခေါ် ၍ မ သွား ရန် သ တိ ပြု လော့။ Judson Bible အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍မသွားနှင့်။ သတိပြုလော့။ |
အစေအပါးကလည်း “အကယ်၍ မိန်းမသည် ဤပြည်သို့ အကျွန်ုပ်နှင့်အတူမလိုက်လာလိုလျှင် သခင်၏သားကို သခင်ထွက်လာခဲ့သောပြည်သို့ အကျွန်ုပ်ခေါ်သွားရပါမည်လော”ဟု မေးလျှောက်၏။
အကယ်၍ မိန်းမသည် သင်နှင့်အတူမလိုက်လာလိုလျှင် သင်သည် ငါနှင့်ပြုသောဤကျိန်ဆိုခြင်းမှကင်းလွတ်စေ။ ငါ့သားကိုကား ထိုအရပ်သို့ မခေါ်သွားရ”ဟု ဆို၏။
လွတ်လပ်မှုကိုရရှိစေရန် ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်လျက် ကျွန်ထမ်းပိုးတွင် နောက်တစ်ဖန် ချည်နှောင်ခြင်းမခံကြနှင့်။
သို့သော် ငါတို့သည် တွန့်ဆုတ်လျက် ပျက်စီးခြင်းသို့ရောက်သောသူများမဟုတ်ဘဲ ယုံကြည်လျက် အသက်ကိုပိုင်ဆိုင်သောသူများဖြစ်ကြ၏။
သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။