ထိုသို့ ဆုတောင်း၍မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာ၏။ သူသည် အာဗြဟံ၏ညီနာခေါ်နှင့် သူ၏မယားမိလခါ၏သားဖြစ်သူ ဗေသွေလ၏သမီးဖြစ်၏။
ကမ္ဘာဦး 24:50 - မြန်မာ့စံမီသမ္မာကျမ်း လာဗန်နှင့်ဗေသွေလတို့ကလည်း “ဤအမှုသည် ထာဝရဘုရားထံတော်မှလာ၏။ အကျွန်ုပ်တို့သည် ကောင်းသည်၊ မကောင်းသည် ဟူ၍ သင့်ကိုမပြောနိုင်ပါ။ Common Language Bible လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။- Garrad Bible လာ ဗန် နှင့် ဗေ သွေ လ တို့ က လည်း ဤ အ မှု ကား၊ ထာ၀ ရ ဘု ရား အ ထံ တော် မှ ဖြစ် ပွား သော အ မှု တည်း။ ကျွန်ုပ် တို့ သည် အ ကောင်း အ ဆိုး ကို ပြန် ၍ မ ပြော ၀ံ့ ပါ။ Judson Bible လာဗန်နှင့် ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။ |
ထိုသို့ ဆုတောင်း၍မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာ၏။ သူသည် အာဗြဟံ၏ညီနာခေါ်နှင့် သူ၏မယားမိလခါ၏သားဖြစ်သူ ဗေသွေလ၏သမီးဖြစ်၏။
မိန်းကလေးသည်လည်း ပြေးသွား၍ ဤအကြောင်းအရာတို့ကို မိခင်၏အိမ်သူအိမ်သားအား ပြောပြလေ၏။
ရေဗက္ကာသည် သင့်ရှေ့၌ရှိ၏။ သူ့ကိုခေါ်သွားပါ။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင့်သခင်၏သားအတွက် မယားဖြစ်စေပါ”ဟု ပြန်ဖြေကြ၏။
ထို့နောက် ထိုအစေအပါးသည် ရွှေတန်ဆာ၊ ငွေတန်ဆာနှင့် အဝတ်တန်ဆာတို့ကိုထုတ်၍ ရေဗက္ကာအား ပေး၏။ သူ့အစ်ကိုနှင့် သူ့မိခင်အားလည်း အဖိုးတန်သောလက်ဆောင်များကို ပေး၏။
ရေဗက္ကာ၏မိခင်နှင့်အစ်ကိုက “မိန်းကလေးသည် အကျွန်ုပ်တို့နှင့်အတူ ဆယ်ရက်ခန့် နေပါစေဦး။ ထို့နောက်မှ သူ့ကိုသွားစေမည်”ဟု ဆို၏။
သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
သို့သော် ဘုရားသခင်သည် အာရံလူမျိုးလာဗန်ထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင် သတိပြုလော့”ဟု မိန့်တော်မူ၏။
ငါသည် သင့်ကိုဒုက္ခရောက်စေနိုင်၏။ သို့သော် မနေ့ညတွင် သင့်ဖခင်၏ဘုရားသခင်က ‘သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင်သတိပြုလော့’ဟု ငါ့အားမိန့်တော်မူ၏။
အဗရှလုံသည် မိမိနှမတာမာအား အာမနုန်အဓမ္မပြုလိုက်သဖြင့် အာမနုန်ကိုမုန်းတီး၏။ သို့သော် သူ့အား ကောင်းသည်၊ ဆိုးသည် မည်သည့်စကားတစ်ခွန်းကိုမျှမပြောဘဲနေ၏။
ဤသို့ဖြင့် ရှင်ဘုရင်သည် လူတို့၏စကားကို နားမထောင်ဘဲနေ၏။ အကြောင်းမှာ ရှိလောမြို့သားအဟိယမှတစ်ဆင့် နေဗတ်၏သားယေရောဗောင်အား ထာဝရဘုရားမိန့်မှာထားသောစကားများ အမှန်ဖြစ်လာရန် ထာဝရဘုရား ဤသို့ဖြစ်ပျက်စေခြင်းဖြစ်၏။
ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကို အစ္စရေးအမျိုးသားတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း အသီးသီး ပြန်သွားကြလေ၏။
ယေရှုကလည်း“ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။
ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့သြဖွယ်ဖြစ်၏’ဟူသောကျမ်းချက်ကို မဖတ်ဖူးကြသလော”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကိုယုံကြည်သောငါတို့အား ပေးတော်မူသကဲ့သို့ ထိုသူတို့ကိုလည်း တူညီသောကောင်းချီးလက်ဆောင်ကို ပေးတော်မူလျှင် ငါသည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်မည်နည်း”ဟု ဆိုလေ၏။