မိန်းကလေးကလည်း “ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားသောသားဗေသွေလ၏သမီးဖြစ်ပါသည်”ဟု ဖြေပြီးလျှင်
ကမ္ဘာဦး 24:25 - မြန်မာ့စံမီသမ္မာကျမ်း “ကျွန်မတို့၌ ကောက်ရိုးနှင့် အစာလည်း များစွာရှိပါ၏။ ညအိပ်နားရန် နေရာလည်းရှိပါ၏”ဟု ဆိုလေ၏။ Common Language Bible ကျွန်မတို့၏အိမ်တွင်တိရစ္ဆာန်များအတွက် ကောက်ရိုးနှင့်အစာများစွာရှိပါသည်။ သင် တို့တည်းခိုရန်နေရာလည်းရှိပါသည်'' ဟု ဖြေကြားလေသည်။ Garrad Bible ကျွန် မ တို့ ၌ ကောက် ရိုး မှ စ သော အ စာ များ နှင့် တည်း ခို ရန် နေ ရာ လည်း ရှိ ပါ သည် ဟု ပြန် ဆို ရာ၊ Judson Bible ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဖွယ်သောက်ဖွယ်များနှင့် တည်းခိုစရာအရပ်လည်းရှိသည်ဟူ၍လည်းကောင်း ဆိုလေ၏။ |
မိန်းကလေးကလည်း “ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားသောသားဗေသွေလ၏သမီးဖြစ်ပါသည်”ဟု ဖြေပြီးလျှင်
သို့ဖြစ်၍ ထိုသူသည် အိမ်သို့လိုက်လာ၏။ လာဗန်သည် ကုလားအုတ်များပေါ်မှ ဝန်ကိုချ၍ ကုလားအုတ်တို့အတွက် ကောက်ရိုးနှင့်အစာကိုပေး၏။ ထိုသူနှင့် သူ့အဖော်တို့၏ခြေကိုဆေးရန် ရေကိုလည်းပေး၏။
စခန်းချရာနေရာ၌ တစ်ယောက်သည် မိမိ၏မြည်းကိုအစာကျွေးရန် မိမိ၏အိတ်ကိုဖွင့်သောအခါ အိတ်ဝ၌ မိမိ၏ငွေကိုတွေ့၏။
မြင့်မြတ်သောသူကား မြင့်မြတ်သောအကြံကို ကြံစည်တတ်၏။ မြင့်မြတ်သောအမှု၌ တည်၏။