အာဗြံနှင့်နာခေါ်တို့သည် မိန်းမယူကြ၏။ အာဗြံ၏မယားအမည်မှာ စာရဲ ဖြစ်၏။ နာခေါ်၏မယားအမည်မှာ မိလခါ ဖြစ်ပြီး သူသည် ဟာရန်၏သမီးဖြစ်၏။ ဟာရန်သည် မိလခါနှင့်ဣသခါတို့၏ဖခင်ဖြစ်၏။
ကမ္ဘာဦး 24:24 - မြန်မာ့စံမီသမ္မာကျမ်း မိန်းကလေးကလည်း “ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားသောသားဗေသွေလ၏သမီးဖြစ်ပါသည်”ဟု ဖြေပြီးလျှင် Common Language Bible ``ကျွန်မသည်နာခေါ်နှင့်မိလခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါ၏။- Garrad Bible ကျွန် မ သည် နာ ခေါ့် မ ယား မိ လ ခါ ဖွား မြင် သော ဗေ သွေ လ ၏ သ မီး ဖြစ် ပါ သည်။ Judson Bible မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါဖွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍လည်းကောင်း၊ |
အာဗြံနှင့်နာခေါ်တို့သည် မိန်းမယူကြ၏။ အာဗြံ၏မယားအမည်မှာ စာရဲ ဖြစ်၏။ နာခေါ်၏မယားအမည်မှာ မိလခါ ဖြစ်ပြီး သူသည် ဟာရန်၏သမီးဖြစ်၏။ ဟာရန်သည် မိလခါနှင့်ဣသခါတို့၏ဖခင်ဖြစ်၏။
ဤအရာများဖြစ်ပြီးသည့်နောက် တစ်စုံတစ်ဦးက အာဗြဟံအား “ကြည့်ပါ။ မိလခါသည်လည်း သင်၏ညီနာခေါ်အတွက် သားများကိုမွေးဖွားပေးလေပြီ။
(ဗေသွေလသည် ရေဗက္ကာ၏ဖခင်ဖြစ်၏။) မိလခါသည် အာဗြဟံ၏ညီနာခေါ်အတွက် ထိုသားရှစ်ယောက်ကိုမွေးဖွားလေ၏။
ထိုသို့ ဆုတောင်း၍မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာ၏။ သူသည် အာဗြဟံ၏ညီနာခေါ်နှင့် သူ၏မယားမိလခါ၏သားဖြစ်သူ ဗေသွေလ၏သမီးဖြစ်၏။
“သင်သည် မည်သူ၏သမီးဖြစ်သနည်း။ အကျွန်ုပ်ကိုပြောပါ။ သင့်ဖခင်၏အိမ်၌ ညအိပ်နားရန် အကျွန်ုပ်တို့အတွက်နေရာရှိသလော”ဟု မေးလေ၏။
“ကျွန်မတို့၌ ကောက်ရိုးနှင့် အစာလည်း များစွာရှိပါ၏။ ညအိပ်နားရန် နေရာလည်းရှိပါ၏”ဟု ဆိုလေ၏။
အကျွန်ုပ်ကလည်း ‘သင်သည် မည်သူ၏သမီးဖြစ်သနည်း’ဟု သူ့အားမေးလျှင် သူက ‘ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားပေးသောသားဗေသွေလ၏သမီးဖြစ်ပါသည်’ဟု ဆိုပါသည်။ ထိုအခါ အကျွန်ုပ်သည် သူ၏နှာခေါင်း၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်း ဆင်ယင်ပေးပါသည်။
တစ်ဖန် ယာကုပ်က “နာခေါ်၏သားလာဗန်ကို သင်တို့သိကြသလော”ဟု မေးရာ သူတို့က “ငါတို့သိသည်”ဟု ပြန်ဖြေကြ၏။