တစ်ဖန် ဘုရားသခင်က “ကြည့်ရှုလော့။ မြေတစ်ပြင်လုံးရှိ အစေ့အနှံထွက်သောအပင်ရှိသမျှနှင့် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သစ်ပင်ရှိသမျှတို့ကို သင်တို့အားငါပေး၏။ ၎င်းတို့သည် သင်တို့အတွက် စားစရာဖြစ်ကြလိမ့်မည်။
ကမ္ဘာဦး 2:16 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရအရှင်ဘုရားသခင်က လူအား “သင်သည် ဥယျာဉ်၌ရှိသမျှသောအပင်၏အသီးကို လွတ်လပ်စွာစားခွင့်ရှိ၏။ Common Language Bible ထာဝရအရှင်ဘုရားသခင်က``သင်သည် အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်နိုင်စေ သောအပင်၏အသီးမှတစ်ပါး ဥယျာဉ်ထဲ၌ ရှိသမျှသောအပင်၏အသီးကိုစားနိုင်၏။ ထိုအပင်၏အသီးကိုကားမစားရ။ စား သောနေ့၌သေရမည်'' ဟုလူအားပညတ် တော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား သ ခင် က လည်း ထို ဥ ယျာဉ် ၌ ရှိ သ မျှ သော အ ပင်၏ အ သီး ကို သင် စား ခွင့် ရှိ ၏။ Judson Bible ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။ |
တစ်ဖန် ဘုရားသခင်က “ကြည့်ရှုလော့။ မြေတစ်ပြင်လုံးရှိ အစေ့အနှံထွက်သောအပင်ရှိသမျှနှင့် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သစ်ပင်ရှိသမျှတို့ကို သင်တို့အားငါပေး၏။ ၎င်းတို့သည် သင်တို့အတွက် စားစရာဖြစ်ကြလိမ့်မည်။
ထာဝရအရှင်ဘုရားသခင်သည် လူကိုခေါ်ဆောင်၍ ဧဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေရန် ထိုဥယျာဉ်၌ထားတော်မူ၏။
ထာဝရအရှင်ဘုရားသခင်သည် ရှုချင်စဖွယ်ကောင်းသော၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို မြေမှပေါက်စေတော်မူ၏။ ဥယျာဉ်အလယ်၌ အသက်ပင်နှင့် အကောင်းအဆိုးသိကျွမ်းရာအပင်ရှိ၏။
သို့သော် ဥယျာဉ်အလယ်ရှိအပင်၏အသီးကိုမူ ဘုရားသခင်က ‘သင်တို့သည် ထိုအသီးကိုမစားရ၊ မထိရ။ ထိမိ၊ စားမိလျှင် သေရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မြွေအားဆိုလေ၏။
အမှန်စင်စစ် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာရှိသမျှသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်ခံယူလျှင် ပစ်ပယ်ရမည့်အရာတစ်စုံတစ်ခုမျှမရှိ။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
ရှမွေလကလည်း “ထာဝရဘုရား၏စကားတော်ကို နာခံခြင်းထက် မီးရှို့ရာယဇ်ပူဇော်ခြင်းကို ထာဝရဘုရား ပို၍နှစ်သက်တော်မူမည်လော။ ကြည့်ရှုလော့။ နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍ကောင်း၏။ အာရုံစိုက်နားထောင်ခြင်းသည် သိုးထီးအဆီထက် ပို၍ကောင်း၏။