အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 2:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဥယျာဉ်​ကို​စိုစွတ်​စေရန် မြစ်​တစ်​မြစ်​သည် ဧဒင်​အရပ်​မှ​စီးထွက်​၍ ထို​နေရာ​မှ​လေး​ဖြာ​ကွဲ​ပြီး မြစ်​လေး​သွယ်​ဖြစ်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မြစ်​တစ်​မြစ်​သည်​ဧ​ဒင်​အ​ရပ်​တွင်​စီး​ထွက် လျက် ဥ​ယျာဉ်​ကို​ရေ​ပေး​၏။ ဧ​ဒင်​ဥ​ယျာဉ်​ကို ကျော်​လွန်​သော​အ​ခါ​မြစ်​လေး​သွယ်​ခွဲ​၍ ဖြာ​ဆင်း​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ဥ ယျာဉ် ကို စို စွတ် စေ ရန် မြစ် တစ် မြစ် သည် ဧ ဒင် အ ရပ် ထဲ က စီး ထွက် သ ဖြင့် ဥ ယျာဉ့် ပြင် မှ ကွဲ၍ မြစ် ကြီး လေး သွယ် ဖြစ် လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ဥ​ယျာဉ်​ကို စို​စေ​လို​သော​ငှာ မြစ်​တစ်​မြစ်​သည် ဧ​ဒင်​အ​ရပ်​ထဲ​က​စီး​ထွက်​သ​ဖြင့်၊ ဥ​ယျာဉ်​ပြင်​မှာ လေး​ဖြာ​ကွဲ​၍ မြစ်​မ​လေး​သွယ်​ဖြစ်​လေ​၏။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 2:10
3 ပူးပေါင်းရင်းမြစ်များ  

လောတ​သည် မျှော်ကြည့်​ရာ ဇောရ​မြို့​သို့​သွား​သော​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်ဝှမ်း​တစ်ဝှမ်းလုံး​သည် ထာဝရဘုရား​၏​ဥယျာဉ်​တော်​ကဲ့သို့​လည်းကောင်း​၊ အီဂျစ်​ပြည်​ကဲ့သို့​လည်းကောင်း ရေပေါများ​လျက်​ရှိ​သည်​ကို​မြင်​လေ​၏​။ (​ထို​အချိန်​က သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​ကို ထာဝရဘုရား​ဖျက်ဆီး​တော်​မ​မူ​သေး​ချေ​။​)


မြစ်​တစ်​မြစ်​ရှိ​၏​။ ၎င်း​၏​ရေစီးကြောင်း​တို့​သည် အမြင့်ဆုံး​သော​အရှင်​၏ သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော် တည်းဟူသော ဘုရားသခင်​၏​မြို့​တော်​ကို ဝမ်းမြောက်​စေ​၏​။


ထို့နောက် ကောင်းကင်​တမန်​သည် ကျောက်​သလင်း​ကဲ့သို့​ကြည်လင်​တောက်ပ​သော အသက်​ရေ​စီး​ရာ​မြစ်​ကို ငါ့​အား​ပြ​လေ​၏။ ထို​မြစ်​သည် ဘုရားသခင်​နှင့်​သိုးသငယ်​တော်​၏​ပလ္လင်​တော်​မှ ထွက်​၍