ထိုည၌ သူတို့သည် မိမိတို့ဖခင်ကို စပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအကြီးသည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
ကမ္ဘာဦး 19:34 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် သမီးအကြီးက သမီးအငယ်အား “မနေ့ညက ငါသည် ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညလည်း သူ့ကိုစပျစ်ဝိုင်တိုက်ကြစို့။ သင်သည်ဝင်၍ သူနှင့်အိပ်ပါ။ ငါတို့ဖခင်အားဖြင့် မျိုးဆက်ကိုထိန်းသိမ်းကြစို့”ဟု ဆိုလေ၏။ Common Language Bible နောက်တစ်နေ့၌သမီးအကြီးကညီမအား``ယမန်နေ့ညကငါသည်ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညတွင်သူ့အားတစ်ဖန်မူးယစ်စေ၍ သင်ကလည်းငါကဲ့သို့သူနှင့်ဝင်၍အိပ်လော့။ သို့မှသာလျှင်ငါတို့တစ်ယောက်စီ၌ ဖခင်နှင့်သားသမီးမျိုးဆက်ရမည်'' ဟုဆိုလေ၏။- Garrad Bible နောက် နေ့၌ အစ် မ က၊ ယ မန် ညဥ့် တွင် ငါ သည် အ ဘ နှင့် အိပ် ခဲ့ ရ ပြီ။ ယ နေ့ ညဥ့် တစ် ဖန် စ ပျစ် ရည် တိုက် ကြ ဦး အံ့။ အ ဘ အား ဖြင့် အ မျိုး မ ပြတ် ဆက် နွယ် စေ ရန် သင် လည်း ၀င် ၍ သူ နှင့် အိပ် လော့ ဟု ညီ မ အား ပြော ဆို ၏။ Judson Bible နက်ဖြန်နေ့တွင် အကြီးကလည်း၊ မနေ့ညမှာ ငါသည် အဘနှင့်အိပ်လေပြီ။ ယနေ့ညတစ်ဖန်သူ့ကို စပျစ်ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှာ၊ သူနှင့်အိပ်လော့ဟု ညီမကိုပြောဆို၏။ |
ထိုည၌ သူတို့သည် မိမိတို့ဖခင်ကို စပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအကြီးသည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
ထိုည၌လည်း သူတို့သည် မိမိတို့ဖခင်ကိုစပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအငယ်သည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
သူတို့၏မျက်နှာထားသည် သူတို့ကို သက်သေခံနေ၏။ သူတို့သည် မိမိတို့အပြစ်ကိုထိမ်ဝှက်မထားဘဲ သောဒုံမြို့ကဲ့သို့ ပြောကြားကြ၏။ မကောင်းမှုကို ကိုယ့်အပေါ်ကိုယ် ကျရောက်စေကြသောကြောင့် သူတို့၏စိတ်ဝိညာဉ်သည် အမင်္ဂလာရှိ၏။
ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။