သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
ကမ္ဘာဦး 19:27 - မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံသည် နံနက်စောစောထ၍ ထာဝရဘုရား၏ရှေ့တော်၌ ရပ်ခဲ့သောအရပ်သို့ သွားပြီးလျှင် Common Language Bible နောက်နေ့နံနက်စောစော၌အာဗြဟံသည် ထာဝရဘုရား၏ရှေ့တော်တွင်ရပ်ခဲ့ဖူးသောနေရာသို့အမြန်သွားလေ၏။- Garrad Bible အာ ဗြ ဟံ သည် နံ နက် အ ချိန် ထ၍ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ရပ် ခဲ့ ဘူး သော နေ ရာ သို့ သွား ပြီး လျှင်၊ Judson Bible နံနက်စောစော အာဗြဟံသည်ထ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့သွားပြီးလျှင်၊ |
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
အို ထာဝရဘုရား၊ နံနက်အချိန်၌ အကျွန်ုပ်၏အသံကို ကိုယ်တော်ကြားတော်မူပါ၏။ နံနက်အချိန်၌ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် တိုးလျှိုးအသနားခံ၍ စောင့်လျက်နေပါမည်။
ငါသည် ကင်းတဲတွင် ရပ်နေမည်။ ခံတပ်တွင် နေရာယူမည်။ ကိုယ်တော်သည် ငါ့အား မည်သို့မိန့်တော်မူမည်ကိုလည်းကောင်း၊ ငါ့အား ဆိုဆုံးမသောအခါ မည်သို့ပြန်လျှောက်ရမည်ကိုလည်းကောင်း သိရှိနိုင်ရန် စောင့်လျက်နေမည်။
ထို့ကြောင့် ငါတို့သည် လွဲချော်မသွားကြစေရန် ကြားရသောအရာတို့ကို အထူးအာရုံစိုက်ကြရမည်။