သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
ကမ္ဘာဦး 19:13 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဤအရပ်ကို ဖျက်ဆီးတော့မည်။ အကြောင်းမူကား သူတို့၏အော်ဟစ်ငိုကြွေးသံသည် ထာဝရဘုရားရှေ့တော်တွင် ကျယ်လောင်လှသဖြင့် ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးရန် ငါတို့ကိုစေလွှတ်တော်မူပြီ”ဟု ဆိုကြ၏။ Common Language Bible သောဒုံမြို့သားတို့အားကြီးလေးသောအပြစ်တင်စွပ်စွဲသံများကိုထာဝရဘုရားကြားရသဖြင့် သောဒုံမြို့ကိုဖျက်ဆီးပစ်ရန် ငါတို့ကိုစေလွှတ်လိုက်သည်'' ဟုလောတအားဆိုလေသည်။ Garrad Bible ဤ မြို့ တစ် ဘက် အော် ဟစ် သံ သည် ထာ၀ ရ ဘု ရား မျက် မှောက် တော် တွင် ပြင်း ထန် သည် ဖြစ်၍ ဖျက် ဆီး စေ ခြင်း ငှာ ထာ၀ ရ ဘု ရား သည် ငါ တို့ ကို စေ လွှတ် တော် မူ သည့် အ လျောက် ဤ မြို့ ကို ငါ တို့ ဖျက် ဆီး ရ မည် ဟု လော တ အား ပြော ဆို ကြ ၏။ Judson Bible ဤအရပ်ကို ငါတို့သည်ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရားရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှာ ထာဝရဘုရားသည် ငါတို့ကိုစေလွှတ်တော်မူပြီဟု လောတအားပြောဆိုကြ၏။ |
သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
တစ်ဖန် ထာဝရဘုရားက “သောဒုံမြို့နှင့်ဂေါမောရမြို့၏အော်ဟစ်သံသည် ပြင်းထန်၍ သူတို့၏အပြစ်သည် အလွန်ကြီးလေးသောကြောင့်
ကောင်းကင်တမန်တို့က လောတအား “ဤအရပ်တွင် သင်နှင့်သက်ဆိုင်သူ အခြားမည်သူရှိသေးသနည်း။ သင်၏သမက်၊ သင်၏သားသမီးများမှစ၍ မြို့ထဲ၌ရှိသော သင်နှင့်သက်ဆိုင်သူရှိသမျှတို့ကို ဤအရပ်မှခေါ်ထုတ်လော့။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
ထာဝရဘုရားအခွင့်မရှိဘဲ ဤပြည်ကို ငါလာ၍ဖျက်ဆီးသည်ဟု ထင်သလော။ ထာဝရဘုရားက ‘ထိုပြည်သို့စစ်ချီ၍ဖျက်ဆီးလော့’ဟူ၍ ငါ့အားမိန့်တော်မူပြီ”ဟု ဆို၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
သင်တို့၏ဆိုးညစ်သောလုပ်ရပ်၊ သင်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုများကို ထာဝရဘုရားသည် ဆက်၍သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သင်တို့ပြည်သည် ယခုကဲ့သို့ ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကျိန်ဆဲစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လေပြီ။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
“ဤလူထုအပေါင်းတို့နှင့် ခွဲနေလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးမည်”ဟု မိန့်တော်မူ၏။
မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ သင့်အားမိန့်မှာတော်မူသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းသောကြောင့် သင်ပျက်စီးခြင်းသို့မရောက်မချင်း ဤကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သက်ရောက်လိမ့်မည်။ သင့်ကိုလိုက်၍မီလိမ့်မည်။
ယနေ့ ငါသည် သင်တို့တစ်ဖက်၌ ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ တိုင်တည်၏။ သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးသွား၍သိမ်းပိုက်မည့်ပြည်မှ မကြာမီလုံးလုံးဖျက်ဆီးခြင်းခံရမည်။ ထိုပြည်၌ အသက်ရှည်ရှည်မနေရ၊ လုံးလုံးဖျက်ဆီးခြင်းခံရမည်။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။