အာဗြဟံကလည်း “ထိုအရပ်တွင် အယောက်လေးဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု တစ်ဖန် လျှောက်ပြန်လျှင် ကိုယ်တော်က “ထိုအယောက်လေးဆယ်အတွက်ကြောင့် ထိုအမှုကို ငါမပြုဘဲနေမည်”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 18:30 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ် ထပ်၍လျှောက်ထားပါရစေ။ ထိုအရပ်တွင် အယောက်သုံးဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုအရပ်တွင် အယောက်သုံးဆယ်တွေ့လျှင် ထိုအမှုကိုငါမပြုဘဲနေမည်”ဟု မိန့်တော်မူ၏။ Common Language Bible တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက် ထွက်တော်မမူပါနှင့်။ တစ်ကြိမ်ထပ်၍လျှောက် တင်ပါရစေ။ အပြစ်မဲ့သူသုံးဆယ်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' မေးလျှောက် ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူသုံးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။ Garrad Bible နောက် တစ် ဖန် အ ရှင် ဘု ရား၊ စိတ် ရှိ တော် မ မူ ပါ နှင့်။ အ ကျွန်ုပ် လျှောက် ပါ ရ စေ ဦး။ ထို မြို့ တွင် အ ကယ် ၍ သုံး ဆယ် ကို တွေ့ တော် မူ အံ့ ဟု လျှောက် ဆို ပြန် သော် ထို မြို့ တွင် သုံး ဆယ် ကို တွေ့ ရ လျှင် ငါ စီ ရင် မည် မ ဟုတ် ဟု မိန့် တော် မူ၏။ Judson Bible တစ်ဖန်တုံ၊ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ်လျှောက်ပါရစေ။ ထိုမြို့၌သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကိုငါတွေ့လျှင်၊ ငါမပြုဟုမိန့်တော်မူ၏။ |
အာဗြဟံကလည်း “ထိုအရပ်တွင် အယောက်လေးဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု တစ်ဖန် လျှောက်ပြန်လျှင် ကိုယ်တော်က “ထိုအယောက်လေးဆယ်အတွက်ကြောင့် ထိုအမှုကို ငါမပြုဘဲနေမည်”ဟု မိန့်တော်မူ၏။
ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် အရဲစွန့်၍ ဘုရားရှင်အား ထပ်မံလျှောက်ထားပါမည်။ ထိုအရပ်တွင် အယောက်နှစ်ဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုအယောက်နှစ်ဆယ်အတွက်ကြောင့် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
“ကြည့်ရှုလော့။ အကျွန်ုပ်သည် ယုတ်ညံ့သောသူဖြစ်ပါ၏။ ကိုယ်တော်ကို မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ အကျွန်ုပ်နှုတ်ကို လက်နှင့်ပိတ်ထားပါပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
ဘုရားသခင်သည် သန့်ရှင်းသောသူတို့၏ အစည်းအဝေးတွင် အလွန်ကြောက်ရွံ့ရိုသေခြင်းကို ခံရသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ပတ်လည်၌ရှိသောသူအပေါင်းတို့ထက် အံ့ဩဖွယ်ဖြစ်တော်မူ၏။
အကြောင်းမူကား သွေးကြွေးပြန်တောင်းတတ်သော ကိုယ်တော်သည် ထိုသူတို့ကိုအောက်မေ့တော်မူ၏။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့လျော့တော်မမူပါ။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
တစ်ဖန် ဂိဒေါင်က ဘုရားသခင်အား “အကျွန်ုပ်ကို အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်လျှောက်ထားပါရစေ။ နောက်တစ်ကြိမ် သိုးမွေးဖြင့် စမ်းသပ်ခွင့်ပြုတော်မူပါ။ မြေတစ်ပြင်လုံးနှင်းစို၍ သိုးမွေးကိုသာ ခြောက်သွေ့စေတော်မူပါ”ဟု လျှောက်၏။