ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
ကမ္ဘာဦး 18:11 - မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင့်လေပြီ။ စာရာသည် အမျိုးသမီးဓမ္မတာကုန်ဆုံးပြီဖြစ်၏။ Common Language Bible အာဗြဟံနှင့်စာရာတို့သည်အရွယ်လွန်ကြ ပြီဖြစ်၍ စာရာ၌သွေးဆုံးနေပြီဖြစ်သည်။- Garrad Bible အာ ဗြ ဟံ နှင့် စာ ရာ တို့ သည် အ သက် အ ရွယ် ကြီး ရင့် လှ ပြီ။ စာ ရာ လည်း မိန်း မ တို့ ဓ မ္မ တာ ကုန် ခန်း ပြီး ဖြစ် ၍၊ Judson Bible ထိုအခါ အာဗြဟံနှင့်စာရာသည် အသက်အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲရှိသည်အတိုင်း မရောက်ပြီ။ |
ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
အာဗြဟံသည် မိမိထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုခံသောအခါ အသက်ကိုးဆယ့်ကိုးနှစ်ရှိပြီဖြစ်၏။
တစ်ဖန် သူက “စာရာသည် သားသမီးကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံကို မည်သူပြောခဲ့ဖူးမည်နည်း။ ယခုမူကား သူအသက်ကြီးသောအခါ သူ့အဖို့ သားတစ်ယောက်ကိုငါမွေးဖွားပေးခဲ့ပြီ”ဟု ဆိုလေ၏။
အာဗြဟံသည် အသက်အရွယ်ကြီးရင့်လေပြီ။ ထာဝရဘုရားသည် အာဗြဟံကို အရာရာ၌ကောင်းချီးပေးတော်မူ၏။
အကျွန်ုပ်သခင်၏မယားစာရာသည် အသက်ကြီးမှ အကျွန်ုပ်သခင်အတွက် သားတစ်ယောက်ကိုမွေးဖွားခဲ့ပါသည်။ အကျွန်ုပ်၏သခင်သည် မိမိပိုင်ဆိုင်သောအရာအားလုံးကို ထိုသားအား ပေးပါသည်။
ရာခေလသည် မိမိဖခင်အား “ကျွန်မ၏သခင်၊ စိတ်မဆိုးပါနှင့်။ ကျွန်မသည် မိန်းမတို့၏ဓမ္မတာလာနေပါသဖြင့် သခင့်ရှေ့၌ မတ်တတ်မရပ်နိုင်ပါ”ဟု ဆို၏။ ဤသို့ဖြင့် လာဗန်သည် ရှာဖွေသော်လည်း တေရပ်ရုပ်တုတို့ကို မတွေ့ချေ။
မိန်းမသည် ဓမ္မတာသွေးဆင်းလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ သူ့ကိုထိသောသူတိုင်း နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
ဇာခရိကလည်း “အကျွန်ုပ်သည် အိုမင်းသူဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်နေပါသဖြင့် ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု ကောင်းကင်တမန်အား ပြန်ပြောလေ၏။
ကြည့်လော့။ သင်၏အဆွေအမျိုး အဲလစ်ဇဘက်သည်လည်း အိုမင်းသောအရွယ်၌ သားယောက်ျားကိုသန္ဓေတည်၍ အမြုံမဟုအခေါ်ခံရသောသူသည် ယခု ကိုယ်ဝန်ခြောက်လရှိနေပြီ။
သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။
ဘုရားသခင်သည် သေလွန်သောသူတို့ကိုပင် ထမြောက်စေနိုင်သည်ဟု သူသည်မှတ်ယူလျက် ထိုသို့ပူဇော်၏။ ပုံဥပမာအဖြစ်ဆိုရလျှင် သူသည် ထိုသားကို သေသောသူတို့ထဲမှ ပြန်ရခဲ့၏။
ယောရှု အသက်ကြီး၍ အိုမင်းလာသောအခါ ထာဝရဘုရားက သူ့အား “သင် အသက်ကြီး၍ အိုမင်းလာပြီ။ သို့သော် သိမ်းပိုက်ရမည့်ပြည် အများအပြားကျန်သေး၏။