သင်တို့၏မျိုးဆက်အစဉ်အဆက် သင်တို့တွင်ရှိသောယောက်ျားတိုင်းသည် အိမ်၌မွေးဖွားသောသူဖြစ်စေ၊ တိုင်းတစ်ပါးသားတစ်စုံတစ်ဦးထံမှ ငွေဖြင့်ဝယ်ထားသည့် သင်၏အမျိုးအနွယ်မဟုတ်သောသူဖြစ်စေ ရှစ်ရက်သားအရွယ်၌ အရေဖျားလှီးခြင်းကိုခံရမည်။
အိမ် ပေါက် သား သော် လည်း ကောင်း၊ ကိုယ့် အ မျိုး မ ဟုတ်၊ တစ် ပါး အ မျိုး ထံ မှ ရ သော ငွေ ၀ယ် သား သော် လည်း ကောင်း၊ သင် တို့ အ မျိုး အ စဥ် အ ဆက် တို့ ၌ သား ယော ကျ်ား တိုင်း ရှစ် ရက် အ ရွယ် ရောက် လျှင် လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ခံ ရ မည်။
သင်တို့အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဖွားသောသူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တစ်ပါးအမျိုးသား၌ ငွေနှင့် ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။
ထိုအခါ အာဗြဟံသည် မိမိသားဣရှမေလမှစ၍ မိမိအိမ်၌မွေးဖွားသောသူများ၊ မိမိငွေဖြင့်ဝယ်ထားသောသူများစသည့် အာဗြဟံ၏အိမ်သူအိမ်သားများထဲမှ ယောက်ျားအားလုံးကိုခေါ်၍ မိမိအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ထိုနေ့၌ပင် သူတို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းမင်္ဂလာကို ပေးလေ၏။
အာဗြဟံသည် မိမိအားဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သားဣဇက်ကို ရှစ်ရက်သားအရွယ်၌ အရေဖျားလှီးခြင်းပေးလေ၏။
သို့သော် ငွေဖြင့်ဝယ်ထားသောမည်သည့်ကျွန်ယောက်ျားမဆို အရေဖျားလှီးခြင်းကိုခံပြီးလျှင် စားနိုင်၏။
နွားသားပေါက်၊ သိုးသားပေါက်တို့ကိုလည်း မိခင်နှင့်အတူ ခုနစ်ရက်ပတ်လုံးနေစေ၍ ရှစ်ရက်မြောက်သောနေ့၌ ငါ့အားဆက်ကပ်ရမည်။
ရှစ်ရက်မြောက်နေ့တွင် သူငယ်၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးရမည်။
ရှစ်ရက်မြောက်သောနေ့၌ သူတို့သည် သူငယ်အားအရေဖျားလှီးခြင်းပေးရန် လာကြ၍ သူ့ဖခင်၏နာမည်အတိုင်း သူ့ကို ဇာခရိဟုမှည့်ခေါ်မည်ပြုကြ၏။
ရှစ်ရက်ပြည့်၍ သူငယ်အား အရေဖျားလှီးခြင်းပေးသောအခါ ဝမ်း၌သန္ဓေမတည်မီ ကောင်းကင်တမန်မှည့်ခေါ်ထားသည့်အတိုင်း သူ့ကို ယေရှုအမည်ဖြင့်မှည့်ခေါ်ကြ၏။
ဘုရားသခင်သည် အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိညာဉ်ကိုလည်း အာဗြဟံအားပေးတော်မူသဖြင့် သူသည် သားဣဇက်ကိုရသောအခါ ရှစ်ရက်မြောက်သောနေ့၌ သူ့အား အရေဖျားလှီးခြင်းပေးခဲ့၏။ ဣဇက်သည် သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ်သည် တစ်ဆယ့်နှစ်ပါးသောမျိုးနွယ်စုဖခင်တို့ကိုလည်းကောင်း ရလေ၏။
တစ်နည်းဆိုသော် အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသည် ဂျူးလူမျိုးအစစ်အမှန်မဟုတ်။ အပြင်ပန်းအားဖြင့် ကိုယ်ကာယ၌ခံယူသောအရေဖျားလှီးခြင်းသည်လည်း အရေဖျားလှီးခြင်းအစစ်အမှန်မဟုတ်။
ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးထားသောသူ၊ အစ္စရေးလူမျိုး၊ ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲလူမျိုးမှဟေဗြဲလူမျိုးအစစ်၊ ပညတ်တရားအရဆိုလျှင် ဖာရိရှဲတစ်ဦး၊